Chapter 63
ဘုရင်တစ်ပါး ဖြစ်ထိုက်တဲ့သူက တိုင်းသူပြည်သားတွေကို ငြိမ်းချမ်းမှုတွေ ယူဆောင်လာပေးတယ်ဧကရီက ဤကိစ္စက စကားစလိုက်သည့်အတွက် ရွှယ်ကျွင်းလျန် ဇဝေဇဝါဖြစ်သွားသည်။ တစ်ခါတစ်ရံတွင် အချို့ကိစ္စများက ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း အလွန်ရိုးရှင်းနေလေ့ရှိသည်။ ဤကိစ္စသည်လည်း ထိုသို့ပင်ဖြစ်သည်။ ဧကရီက နာမည်တစ်ခုကို ပြောပြလိုက်ရုံဖြင့် ရွှယ်ကျွင်းလျန်မှာ သူတွေးနေသောကိစ္စ၏အဖြေကို ရှာတွေ့သွားပြီး အလွန်ရိုးရှင်းသည့်ကိစ္စဟု ထင်သွားသည်။
ရွှယ်ကျွင်းလျန် စိတ်ကြည်သွားသည်ကိုသိ၍ ထန့်ယွင်ပြောလိုက်သည်။
" အရှင်မင်းကြီး ထန့်ရှန်က ထန့်တိုင်းပြည်ကို ဘာလို့ သစ္စာရှိနေရတယ်ဆိုတာ သိပါသလား... ထန့်ရှန်က တခြားယောက်ျားတစ်ယောက်ကို အသက်ရှင်ဖို့အတွက် လက်ထပ်လိုက်ရပြီ ထန့်တိုင်းပြည်ကို သစ္စာခံနေရတာကိုရော ဘာကြောင့်လဲ သိပါရဲ့လား... ဒါတွေအားလုံးက ထန့်ရှန်က အရူးဖြစ်နေလို့မဟုတ်ပဲ သူ ရရှိခဲ့တဲ့ အကြင်နာတရားတွေကို ပြန်ပေးဆပ်ချင်ခဲ့လို့ပါ..."
ထန့်ယွင် ဆက်ပြောသည်။
" အဲ့နှစ်က ထန့်ကျန့် ရွှမ်က ရန်သူတွေအများကြီးနဲ့ တိုက်ပွဲဝင်ခဲ့ရတယ်... စစ်ပွဲတစ်ခုဖြစ်တိုင်း လူပေါင်းများစွာက ဒဏ်ရာအနာတရဖြစ်ကြပြီး ရောဂါတွေဖြစ်ကြတယ်... စစ်ပွဲရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် စစ်ပွဲဒဏ်အခံရဆုံးက အပြစ်ကင်းတဲ့ သာမန်ပြည်သူတွေပဲ... ထန့်ကျန့်ရွှမ်က လူနာတွေကိုလာကြည့်ဖို့ ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့ဖူးဘူး... သူတို့ကို ကိုယ်တိုင်လည်း စားစရာတွေကျွေးတယ်... တစ်ခါက သေခါနီးဖြစ်နေတဲ့ ကလေးလေးကိုတောင် ကယ်ခဲ့ဖူးတယ်... အဲ့ကလေးလေးက အရမ်းသနားစရာကောင်းလွန်းလို့ သူ့သားအဖြစ်ပါ မွေးစားမလို့ တွေ့ခဲ့ဖူးတယ်... အဲ့ကလေးလေးက ထန့်ကျန့်ရွှမ်ကို သူရက်အနည်းငယ်လောက် နွေးနွေးထွေးထွေးနေနိုင်ဖို့ အဝတ်အစားတစ်စုံပဲ တောင်းခဲ့တာ... အဲ့နောက်မှာ ထန့်ကျန့်ရွှမ်က အဲ့ကလေးကို ထန့်ရှန်လို့ နာမည်ပေးခဲ့တယ်..."
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...