"အကျည်းတန် ဧကရီ"

1.3K 126 0
                                    

Chapter 86

ရွှယ်ကျွင်းလျန် ပြောလိုက်သည်။

"ခုနကပဲ အဲ့ဒါက ထန့်ယင်းပါလို့ မယ်မင်းပြောခဲ့တာလေ...ဒါပေမဲ့ အခုကျတော့ လန့်ကျင်းလို့ပြောနေပြန်ပြီ...ကုအတွက် မယ်မင်းကို ယုံဖို့ရာ ခက်လှတယ်...ကု ဘာလုပ်ရမလဲ "

ထန့်ချမ်းယီက ဆက်ကာ ငိုယိုနေ၏။

"ကျွန်တော်မျိုးမ လန့်ကျင်းနဲ့ ထိတ်တိုက်ဖြေရှင်းရဲပါတယ်...ကျွန်တော်မျိုးမကို လှုံ့ဆော်တဲ့သူက လန့်ကျင်းပါဘုရား...အရှင်မင်းကြီး ကျွန်တော်မျိုးမကို ယုံရပါမယ်...သူက ရွှယ်ယွီ အရှင်မင်းကြီးကို ဆန့်ကျင်ပုန်ကန်တာကို ကူညီချင်ပြီးတော့ မီးရှို့ခဲ့တာပါ"

ရွှယ်ကျွင်းလျန် စိတ်ထဲကနေ သရော်လိုက်၏။ ထန့်ချမ်းယီက လန့်ကျင်းနဲ့ ထိတ်တိုက်ဖြေရှင်းရင်တောင် နောက်ကွယ်မှာ တကယ် ရှိနေသည့်လူကို သူလုံးဝ သိနိုင်ဦးမှာမဟုတ်သော်လည်း သူကား ဤစကားကို စောင့်နေခြင်းဖြစ်လေသည်။ တစ်ယောက်ယောက်က လန့်ကျင်း၏ လှုံ့ဆော်မှုပါဟု သက်သေပြုနိုင်သရွေ့ လက်ရှိအတွက်တော့ လုံလောက်ပြီဖြစ်၏။

ရွှယ်ကျွင်းလျန် ထန့်ယွင်ကိုခေါ်၍ အအေးနန်ဆောင်မှ ထွက်သွားခဲ့ပြီး ထန့်ယွင်ကို နန်းတော်ကနေ နေအိမ်တော်သို့ ပြန်ခွင့်ပြုလိုက်သည်။ သူ လန့်ကျင်းကို အညံ့ခံအောင် သိမ်းသွင်းရဦးမည်ပင်။ လန့်ကျင်း အညံ့ခံလာသည်နှင့် မီးရှို့မှု၏ နောက်ကွယ်မှ အစစ်အမှန်ကြိုးကိုင်သူကို သူ့အား ပြောပြဖို့ ဖြောင့်ဖြမှာဖြစ်၏။

ထန့်ယွင် အမတ်မင်း အိမ်တော်သို့ ပြန်သွားခဲ့သည်။  နန်းတော်ထဲမှာ အများအားဖြင့် ထိုင်ပဲထိုင်နေရပြီး ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသော်ငြား သူအလွန်အမင်းကို ပင်ပန်းနေပါပြီ။ ရွှယ်ကျွင်းလျန်နှင့်အတူ မတ်တပ်ရပ်နေရသည့်အခါများတွင်​ သူ့အနေဖြင့် အကွက်ချခံရမှာသို့မဟုတ် ထောင်ချောက်မိသွားမှာကို သတိထားနေရ၏။ ထို့နောက် သူတဖန်တွေးမိသည်ကား သူ သတိထားနေလျှင်ပင် ဆယ်ကြိမ်မှာ ကိုးကြိမ်ကတော့ အကွက်ချခံရဦးမှာဖြစ်လေသည်။

လန့်ကျင်းက လူနစ်ယောက်ကို ထန့်ယွင်ဆီသို့ သတင်းတစ်ခု ပါးခိုင်းလိုက်၏။ သူပြောသည်ကား သူက အစေခံတွေလည်းမလိုအပ်သလို ဂိတ်ရှိ အစောင့်များကို သူ့အကြောင်း ကူညီပြီး အကြောင်းကြားဖို့လည်း မလိုအပ်ကြောင်း၊ သူအနေဖြင့် လုပ်ကြံသူဟု အစွပ်စွဲမခံချင်ကြောင်းပင်။

"အကျည်းတန် ဧကရီ"Where stories live. Discover now