"အကျည်းတန် ဧကရီ"

1.4K 138 1
                                    

Chapter 53
အပြင်ဘက်တွင် တစ်ညတာကုန်ဆုံးခြင်း

ရွှယ်ဟုန်ယန်က နန်းတော်ထဲဝင်ရန် ဆုံးဖြတ်လိုက်ချိန်မှာပင် ရွှယ်ကျွင်းလျန်က ဧကရီ ပန်းဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည်ကိုသိ၍ ဧကရီနှင့် 'မတော်တဆ' တွေ့မိစေရန်အတွက် ပန်းဥယျာဉ်ဘက်သို့ ထွက်လာသည်။

ရွှယ်ဟုန်ယန် နန်းတွင်းထဲ အပြေးတစ်ပိုင်းရောက်လာသည့်အခါ ရွှယ်ဝမ်၏နန်းဆောင်၌ မည်သူမျှ ရှိမနေသည့်အခါ သူ့ရင်ထဲတွင်ပို၍ ဆောက်တည်ရာမရဖြစ်လာသည်။ ရွှယ်ကျွင်းလျန်က ဧကရီနှင့် ပရောပရည်လုပ်ကာ အလုပ်ရှုပ်နေမည်ဟု‌သည့် အတွေးပင်မရှိတော့ပဲ ပန်းဥယျာဉ်ထဲသို့ ချက်ချင်း လိုက်လာသည်။

ပိရှို့နန်းဆောင်အနား ရောက်လာသည့်အခါ ကျန်းယွီက အပြင်ဘက်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ နန်းဆောင်၏ ဘေးဘက်များကို နံရံဖြင့် မကာရံထား၍ ရွှယ်ဟုန်ယန်က အတွင်းဘက်ကို ရှင်းလင်းစွာ မြင်နေရသည်။ အတွင်းဘက်တွင် ရွှယ်ကျွင်းလျန်က ဧကရီကို လှေကားလက်ရန်းဘက်သို့ ဖိထားကာ နမ်းနေသည်။

ရွှယ်ဟုန်ယန်က အတွင်းသို့ မဝင်သွားရဲပဲ  ကျန်းယွီဘေးတွင်သာ ရပ်စောင့်နေသည်။ သို့သော်လည်း နန်းဆောင်အတွင်းရှိ လူနှစ်ယောက်မှာ လူချင်းကွဲရန်ပင် အတော်ခက်ခဲနေသည့်ပုံရသည်။ ရွှယ်ဟုန်ယန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေသော်လည်း သူ၏သည်းခံမှုက တဖြည်းဖြည်း လျော့နည်းလာသည်။

နယ်စားမင်းဝမ်နျန်က စိတ်ပူပန်ပြီး ဂနာမငြိမ်ဖြစ်နေသည်ကို ကျန်းယွီ သတိပြုမိလိုက်သည်။ ရွှယ်ဝမ်၏ အာရုံစိုက်မှုကိုရရန် နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်သည်။

ရွှယ်ကျွင်းလျန်က အပြင်ဘက်တွင် ရပ်နေသူနှစ်ယောက်ကိုမြင်၍ အနှောင့်အယှက်ပေးမှုကြောင့် စိတ်ကသိကအောက် ဖြစ်သွားသည်။ သူ့မျက်နှာ အမူအရာက မည်းနက်သွားပြီး ကျန်းယွီကို လှမ်းပြောလိုက်သည်။

" ဘာလဲ မင်းလည်ပင်းမှာ ကြက်မွေးစိုက်နေတာလား... ချောင်းဆိုးနေရင် သမားတော်ခေါ်လေ..."

စွပ်စွဲမှုက မမျှတသော်လည်း ကျန်းယွီက ခေါင်းမော့ ရင်ကော့ပြီး မြို့စားမင်းဝမ်နျန်က တွေ့ခွင့်တောင်းနေကြောင်း ကြေညာလိုက်သည်။ စစ်ရေးကိစ္စများလျှောက်တင်စရာရှိသည်ဟု ကျန်းယွီထင်လိုက်၍ မင်းကြီးကို လျှောက်တင်ရန် မနှောင့်နှေးစေလိုက်ခြင်းဖြစ်သည်။ အကယ်၍ အရေးကြီးကိစ္စတစ်ခုခုဖြစ်နေခဲ့ပါက သူတစ်ယောက်တည်းသာ ပြစ်တင်ခံရမည်ဖြစ်သည်။

"အကျည်းတန် ဧကရီ"Donde viven las historias. Descúbrelo ahora