"အကျည်းတန် ဧကရီ"

1.6K 162 1
                                    

Chapter 54
အဆုံးသတ်ကိုရောက်ရှိတော့မည့် အသက်တစ်ချောင်း

ကျောက်လုနှင့် ဖုန့်မင်တို့ အတူမရှိခဲ့ကြသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်သည်။  ဖုန့်မင်နှင့်အတူ ရှိနေရသည့်အတွက် ကျောက်လု၏ ထိန်းချုပ်ထားသမျှအားလုံး ပွင့်ထွက်ကုန်ပြီး မပြီးဆုံးနိုင်ပဲ ထပ်ခါထပ်ခါ ပြုလုပ်‌မိနေတော့သည်။

သူတို့နှစ်ယောက်လုံး ပြီးဆုံးသွားချိန်၌ ဖုန့်မင်က လက်ချောင်းတစ်ချောင်းမျှပင် မလှုပ်နိုင်တော့ပဲ ကျောက်လု၏ပေါင်ပေါ်တွင် ခေါင်းအုံးအိပ်နေသည်။

အပြင်ဘက်တွင် မိုးရွာသွန်းနေဆဲဖြစ်သော်လည်း မကြာမီ တိတ်တော့မည့်ပုံပေါ်သည်။ မိုးသံ ဖြိုးဖြိုးဖြောက်ဖြောက်က ယခင်ကဲ့သို့ မကျယ်တော့ပေ။

ဖုန့်မင်က မိုးသံများ နားဆင်နေလျက် ပြုံးလိုက်မိသည်။

" ဒီလို အခြေအနေနဲ့ နေရတာကိုပဲ ငါတော်တော်တင်းတိမ်နေပြီ..."

ကျောက်လုက ဆန့်ကျင်ဘက်ဟုသာ ထင်လိုက်မိသည်။ အကယ်၍ တစ်ဖက်လူက ဖုန့်မင်မဟုတ်ပါက သူတို့၏ ဆက်ဆံရေးက ဤမျှရှုပ်ထွေးနေမည် မဟုတ်ပေ။

လုရှစ်ချန်က မင်မြစ်မှ ဆည်ကျိုးကျမှုအကြောင်း ကြားသိသည်နှင့် ထိုလူနေရာသို့ ချက်ချင်းလူလွှတ်ပြီး ပြင်ဆင်ခိုင်းကာ မြစ်နေကို ထိန်းချုပ်နေသည်။ ထို့အပြင် လူများစွာစေလွှတ်၍  မင်မြစ်တစ်ဝိုက်တွင် ဖုန့်မင်ကို ရှာဖွေနေခဲ့သည်။

ဖုန့်မင်က မင်မြစ်တွင် နှစ်ရက်တိတိ ပိတ်မိနေခဲ့ပြီး နောက်ဆုံးတွင်မှ လူရှစ်ချန်၏လူများက သူ့ကိုရှာတွေ့ပြီး နန်းတောင်သို့ ပြန်ပို့ပေးခဲ့သည်။

ကျောက်လုက လုရှစ်ချန်၏ လူများထံမှ ပုန်းနေရသည်။ သူ့ကို ရှာတွေ့သွား၍ မဖြစ်သကဲ့သို့ သူတို့နှင့်အတူတူ လိုက်သွားရန်လည်း မဖြစ်နိုင်ပေ။ ဖုန့်မင် အဆင်ပြေကြောင်းသိပြီးမှသာ နန်မြို့တော်သို့ ဦးစွာ ပြန်သွားခဲ့သည်။ နယ်စားမင်းကျူးလုအိမ်တော်တွင် သူ ပြန်အလာကို စောင့်နေသူက လွှေ့ရွှယ်ဖြစ်သည်။ သူမက မိန်းမပျိုလေးတစ်ဦးသာဖြစ်၍ ကျောက်လုက နာမကျန်းဖြစ်နေသည်ဟု ဟန်ဆောင်ပေးရပြီး ကိစ္စအားလုံးကို ကိုင်တွယ်ရခြင်းက သူမအတွက် ခက်ခဲလှသည်။ သူမသခင် ပြန်ရောက်လာသည့်အခါ မျက်ရည်ဝဲလုဆဲဆဲပင် ဖြစ်သွားသည်။

"အကျည်းတန် ဧကရီ"Where stories live. Discover now