"အကျည်းတန် ဧကရီ"

5.7K 175 8
                                    

Chapter 156 (End)

ထိုစကားပြောပြီးနောက် သူက လှည်ပြီး တံခါးဖွင့်ကာထွက်သွားလေသည်။

ချန်ယီ၏ ခေါင်းထဲတွင် တစ်စုံတစ်ခုပေါက်ကွဲသွားပြီး များများစားစား မတွေးပါဘဲ ချက်ချင်း ရှေ့တိုးကာ ရွှယ်ဖေ့ကိုဆွဲ၍ တံခါးတွင်ဖိထားလိုက်၏။ သူက အုပ်ချုပ်သူနှင့်ဝန်မင်းများ၏လမ်းစဥ်ကိုလည်း မေ့လျော့သွားပြီး ရွှယ်ဖေ့၏နှုတ်ခမ်းများကို ပြင်းပြင်းထန်ထန် နမ်းရှိုက်ကာ ပြောလိုက်တော့သည်။

"အရှင်မင်းကြီးကအလိုရှိတယ်ဆိုမှတော့ ကျွန်တော်မျိုးအရှင်မင်းကြိးရဲ့ အမိန့်တော်တွေကို နာခံရမှာပေါ့"

ရွှယ်ဖေ့၏နှလုံးသားက ဝမ်းသာလုံးစို့ကာ ခုန်ထွက်တော့မလိုဖြစ်နေသော်လည်း တည်ငြိမ်ယောင်ဆောင်ကာဖြင့် ချန်ယီကို အလျားလိုက် ကောက်ပွေ့ကာ ခြေလှမ်းအနည်းငယ်တည်းနှင့် အတွင်းခန်းထဲကို ခြေချပြီး ကုတင်ပေါ်ပစ်ချ၍ပြောလိုက်၏။

"ဆရာက ဆန္ဒရှိတယ်ဆိုမှတော့ ကျွန်တော်က ရိုင်းပြပြီးငြင်းပယ်မှာမဟုတ်ဘူး"

ချန်ယီ သူ့အပြုံးကိုမြင်လိုက်ရသောအခါ တသိမ့်သိမ့်တုန့်သွားပြ တစ်ခုခုမှားနေသလိုမျိုး ယောင်ဝါးဝါးခံစားလိုက်ရသည်။ သို့သော်လည်း ရွှယ်ဖေက သူ့ကို ထောင်ချောက်ထဲကျအောင် မျှားခေါ်နိုင်ပြီးသားဖြစ်နေသဖြင့် သဘာဝအတိုင်း ချန်ယီကို ဖော်ထုတ်ရန် အခွင့်အရေးပေးမှာမဟုတ်ပေ။

ဘယ်အရာက ရွှယ်ဖေကို မတွေးတတ်နိုင်လောက်အောင် စိတ်လိုက်မာန်ပါဖြစ်သွားစေသလဲဟု ချန်ယီသူ့ကိုယ်သူပြန်မေးမိ၏။ သူက သူ့ခါးပတ်ကို ဆွဲချွတ်ကာ ရှန်းယီ၏ကော်လာကို ဆုတ်ကိုင်ပြီး သူ့အဝတ်အစားတွေပျက်စီးသွားမှာ နည်းနည်းမှမကြောက်ပါဘဲ ဆွဲဖြဲလိုက်သည်။

ချန်ယီ အဝတ်အစားတွေအချွတ်ခံလိုက်ရသဖြင့်

ရင်ဘက်ပေါ်မှာ အေးစိမ့်စိမ့်ခံစားလိုက်၏။ ရှန်းယီ ဘောင်းဘီအချွတ်ခံလိုက်ရသဖြင့် အလန့်တကြား ဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး ရွှယ်ဖေ သူ့ရင်ဘက်ကို အသာအယာနမ်းလိုက်သည်။

"အကျည်းတန် ဧကရီ"Where stories live. Discover now