"အကျည်းတန် ဧကရီ"

1.2K 126 0
                                    

Chapter 106

ဖုန့်တိုင်းပြည်ထဲက မနက်ခင်းညီလာခံ၏ဒုတိယမြောက်နေ့တွင် လူတစ်ယောက်က ရုံးတော်အရာရှိလုရှစ်ချန်ဟာ

ဆိုးယုတ်သော စိတ်နှလုံးရှိသူဖြစ်ပြီး ဖုန့်တိုင်းပြည်၏ သစ္စာဖောက်တစ်ယောက်ဖြစ်ကြောင်း သတင်းပို့လေသည်။ အမှန်တွင် ပြန်ပေးဆွဲခံရသည်ဟုပြောချိန်က သူဟာ ရွှယ်တိုင်းပြည်ဆီဘက်ကို ကူးပြောင်းပြီးသားဖြစ်သည်ဟုဆို၏။

လန့်ကျင်းက တစ်စုံတစ်ယောက်ကို အရင်တစ်ခါတုန်းက လုရှစ်ချန် ရွှယ်တိုင်းပြည်ကနေအမှန်တကယ် လွတ်မြောက်လာခဲ့ခြင်းမဟုတ်၊ အကြောင်းမှာ သိုင်းပညာနှင့်ဓားပညာကို တစ်လုံးမှမသိသော လက်နက်မဲ့စာပေပညါရှင်တစ်ဦးအတွက် ထိခိုက်ဒဏ်ရာလုံးဝမရပါဘဲ လွတ်မြောက်ရန်နှင့် မိုင်ထောင်ချီမြင်းနှင့်ပါ ထွက်ပြေးလာရန် မဖြစ်နိုင်ကြောင်း ကောလဟာလဖြန့်ရန်စေလွှတ်လိုက်သည်။

ကောလဟာလများသည်ကား...

လုရှစ်ချန်က နယ်စားမင်းထန့်နန်ကို အင်မတန် ကောင်းကောင်းဆက်ဆံခြင်းမှာ နယ်စားမင်းထန့်နန်၏ ကြီးမားလှစွာသောကြင်နာမှုကို ရရှိပြီးနောက် လုရှစ်ချန်၏စိတ်ထဲတွင် တော်လှန်ပုန်ကန်လိုနေသည်မှာကြာပြီဖြစ်သော်လည်း အခွင့်အရေးရှာမတွေ့ခဲ့ဟုလည်းဆို၏။ ထို့ပြင် လုရှစ်ချန်က လက်ရှိတွင် နယ်စားမင်းထန့်နန်ကို ငြိမ်းချမ်းရေးယူရန် ဖိတ်ခေါ်သည့် စာကိုကိုယ်တိုင်ရေးပြီး ကျောက်လုကို ထန့်ရှန်နှင်လဲရန်အဆိုပြုခဲ့သည်က သိသိသာသာကို လှည့်ကွက်တစ်ခုဖြစ်သည်။

ရွှယ်ဝမ်ကသာ သူ့စိတ်ကိုမပြောင်းလဲဘဲ အလဲအလှယ်ကိုငြင်းဆန်နေပါ သူ့အနေဖြင့် စစ်ဖြစ်ရုံသာရှိသည်ကို စိတ်ကူးကြည့်ပါ။ လုရှစ်ချန်က နှစ်နိုင်ငံစစ်မက်ဖြစ်ပွားစေလိုသည်မှာ ရှင်းလင်းလှသည့်အတွက် သူက တမင်တကာကို ဤသို့ စီစဥ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရွှယ်တိုင်းပြည်က စစ်တိုက်ရန်ပြင်ဆင်ထားပြီးဖြစ်ကာ သူတို့၏ ကာကွယ်ရေးအစီအစဥ်ကို ပြင်ဆင်ရင်း

ရွှယ်တိုင်းပြည်က သူ့ဘာသူ ပိုက်ကွန်ထဲပစ်ဝင်လာမည်ကို ထိုင်စောင့်နေကြ၏။

"အကျည်းတန် ဧကရီ"Onde histórias criam vida. Descubra agora