"အကျည်းတန် ဧကရီ"

1.6K 164 1
                                    

Chapter 41
မျက်ခုံးမွေး ဆွဲပေးခြင်း

ညီလာခံပြီးသည့်နောက် ရွှယ်ကျွင်းလျန်က နန်းဆောင်ကိုပြန်ရမည့်အစား ပြောလိုက်သည်။

" လမ်းကြောင်းပြောင်းလိုက် ... ကိုယ်တော် ဧကရီ့ကို သွားတွေ့မယ်..."

ဝေါယာဉ်ကိုမထားသော အစေခံများက ယွင်ဖုန့်နန်းဆောင်ဘက် လှည့်သွားကြသည်။ လမ်းတွင် ထန့်ချမ်ယွီနှင့် ဆုံမိကြသည်။

ထန့်ချမ်ယီက မြေပြင်နှင့်ခေါင်းကိုကပ်ထားပြီး တပ်တွားနေသည်။ အေးစိမ့်နေသောအချိန်တွင်  သူမဝတ်ထားသောအဝတ်အစားများက နွေးထွေးမှုမရှိနေပဲ သူမ၏ပုံပန်းသွင်ပြင်ကလည်း သနားစဖွယ်ဖြစ်နေသည်။

ထန့်ချမ်ယီပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးခဲ့တာ သဘောထားကြီးမားလှပါတယ်... ချမ်ယီက အရှင့်ရဲ့သဘောထားကြီးမှုကို ရင်ထဲသိမ်းထားပြီး ဒီလိုအမှားမျိုး နောက်ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်..."

ရွှယ်ကျွင်းလျန်က ဝေါယာဉ်ပေါ်မှပင် မဆင်းလာပဲပြောလိုက်သည်။

" အိုက်ဖေးက ကိုယ့်အမှားကိုယ်သိပြီဆိုတော့ ကိုယ်တော်ဒီကိစ္စကို မေ့ထားလိုက်ပါတော့မယ် ... မြေကြီးကအေးစက်နေမှာပဲ မြန်မြန်ထလိုက်..."

ထန့်ချမ်ယီက ကျေးဇူးတင်လိုက်သည်။ သူမဘေးမှ အပျိုတော်၏ အကူအညီဖြင့် မတ်တပ်ရပ်လိုက်စဉ် လဲကျမတတ်ဖြစ်သွားသည်။ ရွှယ်ကျွင်းလျန်က ဝေါယာဉ်ပေါ်မှ ဆင်းမလာသည့်အပြင် သူမကိုကူညီရန် လှုပ်ပင်မလှုပ်လိုက်ချေ။ နောက်ဆုံးတွင် သူမဘေးမှ အပျိုတော်ကသာ ထူပေးလိုက်ရသည်။

ထန့်ချမ်ယီက ရှက်ဟန်ဆောင်၍ တောင်းဆိုလိုက်သည်။

" အရှင် ချမ်ယီက ဝိုင်နဲ့ ပေါ့ပေါ့ပါးပါးဟင်းပွဲလေးတွေ ပြင်ထားပါတယ်... အရှင်က ချမ်ယီကို ခွင့်လွှတ်ပေးလိုက်တာဆိုတော့ ချမ်ယီရဲ့‌နန်းဆောင်ကိုကြွလာဖို့ ဖိတ်ခေါ်ပါတယ် ကျွန်တော်မျိုးမ အရှင့်ကို ဝိုင်နဲ့ ဧည့်ခံပါရစေ..."

ရွှယ်ကျွင်းလျန်က တောင်းဆိုမှုကို ခဏခန့် စဉ်းစားလိုက်ပြီး ပြန်မဖြေပေ။ အလွန်အမင်း တွန့်ဆုတ်နေပုံရသော်လည်း  နောက်ဆုံးတွင်သဘောတူလိုက်သည်။

"အကျည်းတန် ဧကရီ"Where stories live. Discover now