"အကျည်းတန် ဧကရီ"

1.3K 122 1
                                    

Chapter 96

အခမ်းအနားက အတော်ကြာ၏။ နောက်ကျနေပြီဖြစ်သဖြင့် ဝန်မင်းများက ရွှယ်ကျွင်းလျန်အား သူ၏ကွေ့ဖေးကိုပစ်မထားရန် အကြံပြုကြပြီး အခမ်းအနားမှထွက်ခွာ၍ သူ၏'ဇနီး'ဆီသွားရန် တိုက်တွန်းကြလေသည်။

ရွှယ်ဟုန်ယန်ကိုယ်၌ကလည်း ဤသို့သော ဝိုင်တွေ စမ်းချောင်းငယ်တစ်ခုလို လောင်းထည့်နေကြသည့် အခမ်းအနားမျိုးနှင့် မကိုက်ညီပေ။ သူ၏ရိုသေသမှုကို ပြပြီးသည်နှင့် အချိန်အနည်းလောက် ဝိုင်းဝန်းပျော်ပါးပြီးနောက် ထွက်သာထွက်သွားချင်မိသည်။ မည်သို့ထွက်ခွာရန်အကြောင်းပြရမည်ကို တွေးနေစဥ်တွင် အစောင့်တစ်ယောက်က သူ့ဆီရောက်လာပြီး စကားအနည်းငယ်တီးတိုးပြောပြီးနောက် စာအိတ်တစ်ခု ကမ်းပေးလာ၏။

ရွှယ်ဟုန်ယန် ခဏမျှ ထိတ်လန့်သွား၏။ ထို့နောက် သူခေါင်းမော့ကာ ရွှယ်ကျွင်းလျန်ကိုကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူရရှိသည့်သတင်းကို လက်ရှိအချိန်မှာ ပြောသင့်မပြောသင့်စဥ်းစားနေပုံရ၏။

ခဏလောက် စဥ်းစားပြီးနောက် နောက်ဆုံးတွင် တခြားသူများသတိမပြုစေဘဲ လျှောက်သွားကာ ရွှယ်ကျွင်းလျန်ကို တစ်စုံတစ်ခုပြောလိုက်သည်။

ရွှယ်ကျွင်းလျန်၏အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်လုံးများ မှေးကျဥ်းလာကာ ရွှယ်ဟုန်ယန်အား စာကိုဆက်သရန် လက်ဟန်ပြလေ၏။

လူတိုင်း ဧကရာဇ်၏အမူအရာပြောင်းလဲသွားမှုကို သတိထားမိသောအခါ အကုန်လုံးငြိမ်သွားပြီး ဘာဖြစ်သွားမှန်းမသိသည့်အတွက် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြသည်။

ရွှယ်ကျွင်းလျန် စာကိုဖွင့်လိုက်ပြီး ကြည့်လျှင်ကြည့်ချင်း

ရုတ်ချည်းထရယ်၏။ ထို့နောက် ထိုင်ခုံကနေထ၍ သူကိုင်ထားသည့်ဝိုင်ခွက်ကို ခြေရင်းဆီသို့ပေါက်ခွဲလိုက်သည်။

အနှီ​ရုတ်တရက်လုပ်ရပ်က လူတိုင်းကို ထိတ်လန့်သွားစေ၏။ စာထဲတွင် ဘာရေးထားမှန်းသူတို့မသိသည့်အတွက် ဘာမှလည်းမပြောရဲကြသလို လှုပ်လည်း မလှုပ်ဝံ့ကြ။ သူတို့ကိုယ်သူတို့ ထိခိုက်မှာ​ကြောက်ပြီး ခေါင်းတွေငုံ့ထားကြသည်။

"အကျည်းတန် ဧကရီ"Where stories live. Discover now