Chapter 90
ရွှယ်ကျွင်းလျန်က ရုတ်တရက် မေးလာသည်။
"မောင်မင်း ချင်း(ဂျင်း)မစားဘူးလား"
ထန့်ယွင် ခဏမျှကြက်သေသေ သွား၏။ ထို့နောက် ဟင်းထဲတွင် နုတ်နုတ်စင်းကာထည့်ထားသော ချင်းများကို ရွေးပြီး သူ့ပန်းကန်အစွန်းမှာပုံထားမိသည်ကို တွေ့လိုက်ရသည်။ ဤသည်က မသိစိတ်၏ လုပ်ဆောင်မှုတစ်ခုဖြစ်၏။ အကြောင်းမှာ သူဧကရီဖြစ်စဥ်က သူ့မျက်နှာထက်ရှိ အနာများက ထိခိုက်လွယ်ပြီး အနာရင်းနေဆဲဖြစ်လေသည်။ ထို့ကြောင့် ဧကရီက စပ်သည့် လှုံ့ဆော်ပေးသည့် အရာများကိုစား၍မရပေ။ ထိုဟာက နေ့ခင်းပိုင်းတွင် သူ့ကို ဘာမှမဖြစ်စေ သော်လည်း ညဘက်ရောက်ပါက အဆက်မပြတ်နာကျင်ကိုက်ခဲမှုကြောင့် အိပ်တောင် မအိပ်နိုင်ပါချေ။ ထို့ကြောင့် ဧကရီခန္ဓာကိုယ်ထဲတွင် သတိထား၍စားသောက်ရန် သင်ယူခဲ့ရ၏။ယင်းက အလွယ်တကူမပြောင်းလဲနိုင်သည့် အလေ့အကျင့်တစ်ခုဖြစ်လာ၏။
ရွှယ်ကျွင်းလျန်က တစ်ခုခုအကြောင်းတွေးနေပုံရပြီး ပြုံးကာဆိုလေသည်။
"မောင်မင်းက သူမလောက်မထက်မြတ်ပေမဲ့ မောင်မင်းတို့ရဲ့အကျင့်တွေကလည်း တူနေတယ်...အဲ့ဒါက ဘုရားရဲ့အလိုတော်လား ကုမသိဘူး"
သူပြောသည့်စကားက ဒွိဟဖြစ်လွန်း၍ ထန့်ယွင် ဘယ်လိုပြန်ဖြေရမှန်းပင် မသိတော့။ ထန့်ယွင်၏ လက်ရှိအထောက်အထားက ဧကရီကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ရာဇဝတ်ကောင်ဝန်မင်းဖြစ်၏။ ယခုတွင် သူ့မှာ အမတ်မင်းထန့်နန်၏ရာထူးရှိပြီး ရွှယ်ဝမ်ကလည်း သူ့ကိုမောင်းမဆောင်ထဲထည့်မည်ဟုထုတ်ဖော်ပြောကြားထားသော်ငြား ဧကရီကိုသတ်ထားသည့်အမှုက ပယ်ဖျက်၍ မရနိုင်ပေ။ ဒီအတိုင်း ရွှယ်ကျွင်းလျန်က သူ့ကို ဧကရီနှင့် နှိုင်းယှဥ်ချင်၍သာဖြစ်မည်။
သူဘာမှ ပြန်မဖြေသည်ကိုမြင်လျှင် ရွှယ်ကျွင်းလျန်က ပြောလာသည်။
"ကုနဲ့ အတူစားရတာက ငြီးငွေ့စရာကောင်းလို့လား"
ထန့်ယွင် တလေးတစားပြောလိုက်၏။
"ဒီငယ်သားက ကံထူးပေလို့ ဒီလိုမျက်နှာသာပေးမှုကိုရတာပါ...ဘယ်လိုလုပ် ငြီးငွေ့ဝံ့မှာလဲဘုရား"
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...