Chapter 24
လုပ်ကြံသတ်ဖြတ်မှုထန့်ရှန်က ဧကရီကို ဂါရဝပြုပြီးနောက် ထိုင်လိုက်သည်။
အကယ်၍ ဤတစ်ကြိမ်တွင် ဘာမှမပြောခဲ့ပါက နောက်တစ်ကြိမ်အခွင့်အရေး မရှိလာနိုင်တော့ပေ။ သူက ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ဆုံးဖြတ်ထားသည်။ မထွက်ပြေးနိုင်ခဲ့ပါက အသက်ဆုံးရှုံးရမည်ဟုသော အဓိပ္ပါယ်ပင်။ ဖုန့်ဝမ်၏လက်ထဲတွင် အသတ်ခံရခြင်း သို့မဟုတ် ရွှယ်ကျွင်းလျန်၏ လက်ထဲတွင် နောက်တစ်ကြိမ် အသတ်ခံရခြင်း နှစ်ခုထဲကတစ်ခု ဖြစ်နိုင်သည်။
" ကျွန်မက နန်းတော်ထဲမှာပဲ အမြဲတမ်းနေရပေမယ့် ဖြောင့်မတ်ပြီး သစ္စာရှိတဲ့လူတွေရဲ့ သတင်းတွေတော့ အမြဲတမ်းကြားနေရတယ် ... သခင်လေးထန့်အကြောင်းလည်း အများကြီးကြားထားပါတယ် ..."
ဧကရီက သူ့ကိုဖိတ်ကြားရခြင်းမှာ အညံ့ခံရန်အတွက်စည်းရုံးမည်ဟု ထန့်ရှန် မူလက ထင်လိုက်မိသည်။ သို့သော်လည်း ဧကရီ၏ စကားပြောပုံဆိုပုံက အလွန်ရင်းနှီးနေသည်ဟု မတွေးပဲ မနေနိုင်တော့ပေ။
သူ ထန့်ယွင်ကို မမြင်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ထန့်ယွင်က မြို့တော်ကို အကြိမ်အနည်းငယ်ခန့် ပြန်လာခဲ့သော်လည်း နန်းတော်မှသားသောက်ပွဲကို တက်ရောက်ပြီးသည်နှင့် အလျင်စလို ထွက်ခွာသွားသည်က များသည်။
ထို့ကြောင့် ထန့်ယွင်ငယ်ရွယ်စဉ်ကအကြောင်းများကိုသာ ထန့်ရှန် အမှတ်ရနေတော့သည်။
ထန့်ရှန်ပြောလိုက်သည်။
" အရှင်မက ချီးကျူးလွန်းနေတာပါ ..."ထန့်ယွင်က ခါးသီးစွာပြုံးလိုက်သည်။
" အခုနောက်ပိုင်း ရာသီဥတု ပိုအေးလာပြီး သခင်လေးထန့် နွေးထွေးတဲ့ အဝတ်အစားတွေ ဝတ်သင့်တယ် ..."ထန့်ယွင်က ဧည့်သည်ကို ပြန်ပို့ရန်အတွက် ရှို့ယောင်ကို လက်ကာပြလိုက်သည်။
ဤထူးဆန်းသော ဧကရီက စကားပြောရန်မလိုအပ်သရွေ့ မည်သည့်အရာကိုမျှ မပြောတတ်သောလူတစ်ယောက်ဖြစ်ကြောင်း ထန့်ရှန်သိသည်။ သူမ၏ စကားက မည်သည်ကိုဆိုလိုကြောင်း သူ သဘောမပေါက်နိုင်ပေ။ သူ ပို၍တွေးလေ ပို၍ ထူဆန်းသည်ဟု ထင်လာလေဖြစ်သည်။ ဧကရီက ဖုန့်တိုင်းပြည်၏ အိမ်ရှေ့စံမင်းသမီးဖြစ်ပြီး သူက ထန့်တိုင်းပြည်မှဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင် ကိစ္စတစ်ခုခုရှိနေသည်မှာလည်း မဖြစ်နိုင်ပေ။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...