Chapter 8
ဆေးကိုအသုံးပြုခြင်း။—
ထန့်ယွင် ထမင်းစားဖိတ်ခံရသောအခါတွင် ရွှယ်ကျွင်းလျန်ကအရသာရှိသည့်ဟင်းလျာများကို ပြင်ဆင်ရန် အမိန့်ပေးခဲ့ပြီး ယခုအခါ ဧကရီကို စောင့်ဆိုင်းနေပြီဖြစ်ကြောင်း အကြောင်းကြားခံခဲ့သည်။ရှို့ယောင်က သူ၏ဝတ်စုံကို ကိုးကြိမ်မြောက် ပြင်ဆင်ပေးပြီး အသစ်လွင်ဆုံးဆံပင်ပုံစံကို ပြင်ဆင်ပေးခဲ့သည်။ ဧကရီ၏အသွင်သည် အမှန်တကယ်ပင် အလွန်လှပသည်။ သူမ၏ အနက်ရောင်ဆံပင်မှာ တိမ်ကဲ့သို့ထူပြီး ပိုးသားကဲ့သို့ နူးညံ့ချောမွေ့နေသည်။ သူမ၏ခါးက သေးသွယ်ပြီး ထုဆစ်ထားသည့်အတိုင်းပင်။ သူ့မျက်နှာကသာ ကြောက်စရာကောင်းနေတာဖြစ်၏။
နောက်မှနေ၍ မြင်တွေ့လိုက်ရလျှင် သူမသည် ကြည့်ရှုနေသူများကို နေ့ခင်းအိပ်မက်မက်သွားအောင် နှိုးဆော်နိုင်သည်။
ထန့်ယွင်၏ခေါင်း၊ နားနှင့် ခါးတို့ကို ရတနာများဖြင့် ခမ်းနားစွာ တန်ဆာဆင်ထားသဖြင့် သူ့မှာ တကယ်ကိုမလှုပ်ရှားဝံ့ပေ ။သူအရမ်းမဲ့လှုပ်မိလျှင် တန်ဆာဆင်ထားသည့် ကျောက်မျက်ရတနာများ အကုန်ပြုတ်ကျသွားမှာကို ကြောက်နေသည်။ သို့သော်ငြား တစ်ဖက်မှာတော့ ရှို့ယောင်က သူ့သခင်မရဲ့ အလှကို ဂုဏ်ယူနေလျက်။
ထန့်ယွင် ရွှယ်ကျွင်းလျန်၏ အဆောင်တော်ဝင်ပေါက်သို့ရောက်သောအခါ ရှို့ယောင်အနေဖြင့် သူ့နောက်ကို လိုက်ခွင့်မရှိခဲ့ပေ။ရွှယ်ကျွင်းလျန်၏ ကိုယ်ပိုင်အစေအပါးများသာ ဝင်ခွင့်ပြုထားပြီး အယုံကြည်ရဆုံးသူမှာ ကျန်းယွီဖြစ်သည်။
ကျန်းယွီအိုကြီးသည် ရွှယ်ကျွင်းလျန် မင်းသားတစ်ပါးဖြစ်စဥ်ကတည်းက အနားတွင်ရှိနေခဲ့ပြီး ယခုအချိန်အထိ သူကြီးပြင်းလာသည်ကို စောင့်ကြည့်နေခဲ့ရသည်။ သူက ဘဝအတွေ့အကြုံများစွာကို ခံစားဖူးသည်။
ကျန်းယွီက ဧကရီကို အထဲဝင်ဖို့ လိုက်ပို့တဲ့သူဖြစ်ပြီး အတွင်း၌မူ ရွှယ်ကျွင်းလျန်က ထိုင်စောင့်နေသည်။
ရွှယ်ကျွင်းလျန်က ဧကရီ ကြွလာသည်ကို အဝေးက မြင်လိုက်ရသည်။ ဤအကွာအဝေးမှနေ၍ သူ့အနေဖြင့် မျက်နှာကိုမမြင်ရသော်လည်း ထိုရုပ်သွင်က မြင်ရတာ သဘောကျချင်စဖွယ်ရှိပြီး သူလည်း မပြုံးဘဲမနေနိုင်တော့ပေ။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...