Chapter 129
ထန့်ယွင်နှင့် သူ့အဖွဲ့ အိမ်တော်သို့ ရောက်သောအခါ တစ်ရက်တာ အနားယူလိုက်ကြသည်။ နောက်တစ်နေ့တွင် ရွှယ်ချန်ကျင်းက ထန့်ယွင်နှင့် ထန့်ရှန့်တို့အတွက် စားသောက်ပွဲကြီး ကျင်းပရန် အစွမ်းကုန် ပြင်ဆင်ထားလေသည်။
ဟယ့်ညီနောင်သုံးဖော်မှာ သူတို့နှင့်အတူ ပွဲတက်သင့်သော်လည်း ဟယ့်ကျုံးက ငြင်းပယ်လိုက်၏။
“ငါတို့လို လူကြမ်းတွေက မင်းတို့ရဲ့ အတုအယောင်မြှောက်ပင့်မှုတွေနဲ့ အသားမကျဘူး…”
ရွှယ်ချန်ကျင်းက ယခုအခါ အမတ်မင်း ဖြစ်လာသောကြောင့် သဘာဝအားဖြင့် အလွန်ပင် သင့်တော်လှပေသည်။
ယမန်နေ့ညက အမတ်မင်းထံ၌ တောင်းဆိုစရာ ရှိပါက မည်ကဲ့သို့ တောင်းဆိုရမည် ဖြစ်ကြောင်း ထန့်ယင်းက သူတို့ကို ပြောပြထား၏။ ထို့ပြင် ဟယ့်ကျုံးကလည်း ထပ်မံ ဖြည့်စွက်၍ ပြောသည်။
“တကယ်လို့ အမတ်မင်းသာ စိတ်မဝင်စားဘူးဆိုရင် စစ်သူကြီးတွေက စစ်စခန်းကို သွားပြီး စောင့်ကြည့်ပါ့မလား…”
ရွှယ်ချန်ကျင်းကလည်း ထောက်ခံလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဟယ့်ညီနောင်သုံးဖော်မှာ တုတ်ခိုင် သန်စွမ်းလှပြီး အလွန် မျက်စိကျလောက်သည့် ပုံစံမျိုး မဟုတ်ပေ။
ထို့ကြောင့် ရွှယ်ချန်ကျင်းက သူ့နောက်လိုက် တစ်ယောက်ကို သူ့တံဆိပ်တုံးအား ယူဆောင်၍ ဟယ့်ညီနောင် သုံးဖော်ကို စစ်တန်းလျားသို့ ပြန်ပို့ပေးရန် စေခိုင်းလိုက်ပြီး သူက ထန့်ယွင်နှင့် အဖွဲ့ကို ပွဲတော်ကို ခေါ်ဆောင်သွားလေသည်။
ပွဲတော်ကြီးမှာ ကြီးကျယ်ခမ်းနားလွန်းလှသော်လည်း ရွှယ်ချန်ကျင်းက ပြင်ဆင်မှုတွင် မပါဝင်ခဲ့ပေ။ အစောပိုင်းတည်းက အမတ်မင်းကျန်းအန်၏ အခြားသားများက ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့ရာတွင် ရွှယ်ချန်ကျင်းမှာ အကြီးဆုံးသား ဖြစ်သည့်အပြင် တရားဝင်သား ဖြစ်သောကြောင့် အမတ်ကြီးရာထူးကို သဘာဝအတိုင်း အမွေဆက်ခံနိုင်ခဲ့သည်။ အစပိုင်းတွင် သူက ထန့်ယွင်ကို အမြင့်ဆုံးသော ထိုင်ခုံတွင် ထိုင်ခိုင်းသော်လည်း ထန့်ယွင်က ငြင်းဆန်ခဲ့သောကြောင့် ရွှယ်ချန်ကျင်းက ထိုနေရာ၌ ဝင်ထိုင်လိုက်သည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...