"အကျည်းတန် ဧကရီ"

1.3K 127 1
                                    

Chapter 92

ယွီချန် တကယ်ကို တွန့်ဆုတ်နေပြီး အမတ်မင်းထန့်နန်ကို ကျေးဇူးမတင်ချင်ပေ။ သူက ဒီလူကို သဘောမကျသော်လည်း အရိုအသေမပေး ကျေးဇူးမတင်ပါက ရွှယ်ဝမ်ကို သေချာပေါက် အမျက်တော်ရှစေလိမ့်မည်။ ရွှယ်ဝမ်က ပေါင်းသင်းရန် လွယ်ကူသည့်လူမဟုတ်ပေ။ ထန့်တိုင်းပြည်၏အညံ့ခံသည့်ကိစ္စတွင် သူက ကြင်နာပြီး သဘောကောင်းသာ ဧကရာဇ်ဖြစ်ဟန်ပေါ်သော်ငြား အမှန်တွင် ​အကြင်နာမဲ့မှုနှင့် ရက်စက်ကြမ်းကြုတ်မှု၌ ဖုန့်ဘုရင်တောင် မယှဥ်နိုင်ပေ။

ယွီချန်က ကံကျွေး မြင့်မားသည်ဟုဆို၍ရသော်လည်း ရွှယ်ကျွင်းလျန်၏ရှေ့တွင် စိတ်ကြီးမဝင်ရဲပေ။ ထို့ကြောင့် သူ အမတ်မင်းထန့်နန်ကို ကျေးဇူးတင်ယောင်ဆောင်ပြီး ထပ်လုပ်ရဲတော့မှာမဟုတ်ကြောင်းဆိုလိုက်၏။

ရွှယ်ကျွင်းလျန်က ပြောလာသည်။

"တာ့ဖေးက ကျန်းမာရေးမကောင်းဘူး...အပြင်မှာအကြာကြီးနေရင် အအေးမိနိုင်တယ်...အရင်ပြန်သင့်တယ်"

ရွှယ်ဝမ်က သူမကိုပြန်သွားဖို့ အမိန့်ပေးနေသည်ကို ကြားရသည်တွင် တာ့ဖေးလည်း သွားရုံကလွဲ၍ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူမက တွန့်ဆုတ်စွာဖြင့် ခြေတစ်လှမ်းပြန်ဆုတ်သွားပြီး သုံးကြိမ်တိုင်တိုင် လှည့်ကြည့်ကာ နောက်ဆုံးတွင် ဒူးထောက်အရိုအသေပေး၍ ပြန်သွား၏။

ထိုမှသာ ရွှယ်ကျွင်းလျန်ကပြောသည်။

"ယွီချန်က ဘယ်ကနေလာတာလဲ...ကုက မောင်မင်းကို နန်းတော်ဆီလတ်မှတ်အပ်နှံခိုင်းတာကိုလည်း မမှတ်မိပါလား"

ယွီချန်က အလျင်စလို လျှောက်တင်လိုက်၏။

"ဒီနိမ့်ကျတဲ့ဗိုလ်ချုပ်က စစ်မက်ရေးရာ ဌာနကနေလာတာပါ...လန့်ကျင်းအရေးနဲ့ပါဘုရား"

"အိုး...ဘယ်လိုလန့်ကျင်းအရေးနဲ့လဲ"

ယွီချန်က လျှောက်တင်လိုက်သည်။

"ဒီနိမ့်ကျတဲ့ဗိုလ်ချုပ်က စိုးရွံမိပေမဲ့ လန့်ကျင်းကို မင်မြစ်ဆီပို့ဖို့က အရှင်မင်းကြီးအတွက် မသင့်လျော်ဘူးလို့ ခံစားရပါတယ်...လန့်ကျင်းက ပုန်ကန်သူအုပ်စုကပါ...အရှင်မင်းကြီးရဲ့ ရက်ရော မှုက အကန့်အသတ်မဲ့ပြီး လန့်ကျင်းကို သူ့ကိုယ်သူပြန်ရွေးခွင့်ပြုဖို့အတွက် ...အထောက်အပံ့တွေပြုဖို့ ကောင်းမှုကုသိုလ်တွေရရှိဖို့ လွတ်ပေးလိုက်ပေမဲ့ ...ကျွန်တော်မျိူးစိုးရိမ်တာက အရှင်မင်းကြီး သူ့ကိုမင်မြစ်ဆီကို လွှတ်လိုက်ရင် စစ်တပ်ထဲက တခြားဗိုလ်ချုပ်တွေက သူ့ကို လက်မခံကြမှာကိုပါပဲ...အဆုံးမှာ စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေပြီးတော့ ထိခိုက်မှုတွေ ပိုဖြစ်စေပါလိမ့်မယ်"

"အကျည်းတန် ဧကရီ"Where stories live. Discover now