Chapter 25
ကိုယ်လက်သန့်စင်ပေးထားတယ် တဲ့လား ...ရွှယ်ကျွင်းလျန်က ဘာလို့ ဒီနေရာ ရောက်နေတာလဲ... ထန့်ယွင် ထွက်ပြေးဖို့ကြံနေတာကို သိသွားတာများလား ...
ရွှယ်ကျွင်းလျန်၏ သနားစဖွယ်အခြေအနေကို ထန့်ယွင်ကြည့်လိုက်သည်။ ရွှယ်ကျွင်းလျန်က လုပ်ကြံသူတစ်အုပ်စုနှင့် ရင်ဆိုင်ရမည်ကို မကြောက်ရွံ့သော်လည်း သူ့ကိုယ်သူ ခက်ခဲသည့်အခြေအနေတွင်းကျရောက်နေကြောင်း သတိပြုမိပုံမပေါ်ပေ။
" ဘာလို့လဲ အိုက်ဖေး ဝမ်းနည်းသွားတာလား ... စိတ်မပူပါနဲ့ ... နန်းတွင်းပြန်ရောက်ရင် ကိုယ်တော့်ကို တစ်နေကုန် ထိုင်ကြည့်နေလို့ရတယ် ..."
ရွှယ်ကျွင်းလျန်က စနောက်ကျီစယ်လိုဟန်ဖြင့် အသံဩဩဖြင့် တမင်ပြောလိုက်သည်။ထန့်ယွင် သူ့ကိုလျစ်လျူရှု့ထားသည်။ သူ မတ်တပ်ရပ်ပြီး အနီးတစ်ဝိုက်တွင် သစ်ပင်ကြီးကြီးတစ်ပင် ရှာလိုက်သည်။ ထို့နောက် ရွှယ်ကျွင်းလျန်၏ဘေးတွင်ထိုင်ကာ သူ၏ပြဲနေသောဝတ်ရုံမှ။အဝတ်စအနည်းငယ်ကိုဖြဲကာ ကျိုးနေသောလက်ကို ယာယီချည်ထားပေးလိုက်သည်။
ရွှယ်ကျွင်းလျန်က အကောင်းပကတိရှိနေသောလက်ဖြင့် ပြဲသွားသောဝတ်ရုံကို နောင်တရသကဲ့သို့ ကြည့်နေသည်။ ထို့နောက် အေးအေးဆေးဆေးပင် ပြောလိုက်သည်။
" အိုက်ဖေးက တော်သားပဲ ..."ထန့်ယွင် လုပ်လက်စကို ခဏရပ်သွားမိသော်လည်း ဆက်လုပ်ပြီး ဂရုမစိုက်ဟန်ဆောင်နေသည်။ ထန့်ယွင်က စစ်မြေပြင်တွင် တိုက်ခိုက်ရသည်ကို ကျင့်သားရနေသူဖြစ်၍ ထိုကဲ့သို့သေးငယ်သောအနာနှင့် ဒဏ်ရာလေးများကို သူကိုယ်တိုင် ကိုင်တွယ်နိုင်သည်။ သို့သော်လည်း နေမထိမိုးမထိ နေထိုင်ခဲ့ရသော အိမ်ရှေ့စံ မင်းသမီးလေးကမူ ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။ ဒဏ်ရာကို အေးဆေးစွာကိုင်တွယ်ရန်မပြောနှင့် ဤအခြေအနေတွင် ပျာယာခတ်နေရမည်ဖြစ်သည်။
အခြေအနေအားလုံးကို ခြုံငုံတွေးတောလိုက်မိသော်လည်း ရွှယ်ကျွင်းလျန်၏လက်မှဒဏ်ရာကို ကူညီပေးနေဆဲဖြစ်သည်။
သူ၏ ဧကရီက အနည်းငယ်ထူးဆန်းနေသည်ဟု ရွှယ်ကျွင်းလျန်ထင်လိုက်သော်လည်း စိတ်ထဲ အထွေအထူးတွေးမနေတော့ပေ။
ESTÁS LEYENDO
"အကျည်းတန် ဧကရီ"
FantasíaDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...