"အကျည်းတန် ဧကရီ"

1.3K 131 3
                                    

Chapter 83

ရွှယ်ဟုန်ယန် အနှီဘိုးဘေးငယ်လေးရွှယ်ဖေ ကြောင့် သူခေါင်းကြီးကွဲထွက်တော့မည်ဟု ခံစားနေရသည်။ သူထိုဟာကို မည်သို့ရှင်းပြရမှန်း အမှန်ပင် မသိပါချေ။အထူးသဖြင့် မင်းသားငယ်လေးက ငယ်လွန်းနေသေး၏။ တော်ဝင် မောင်းမဆောင်မှာ အလှလေးသုံးထောင်ရှိလေသည်။ ဧကရာဇ်က မည်သို့များ တစ်ဦးတည်းကိုသာ ချစ်မြတ်နိုးနိုင်ပါမည်လဲ၊အထူးသဖြင့် တစ်ဖက်လူက ဆုံးပါးသွားပြီးသည့်အခါတွင်ပင်။

ရွှယ်ဟုန်ယန် နောက်ဆုံး၌ စိတ်ထဲမှာ အကြံတစ်ခုရသွားပြီး အလျင်အမြန် ပြောလိုက်၏။

"ဒီမေးခွန်းက.....အိမ်ရှေ့စံ တော်ဝင် ဆရာရှန်းကိုမေးကြည့်ပါလား...တော်ဝင်ဆရာက အသိအမြင် အရမ်းနှံ့စပ်တဲ့လူဆိုတော့.....အိမ်ရှေ့စံရဲ့ သံသယတွေကို ဖြေဖျောက်ပေးနိုင်မှာပါ"

ရွှယ်ဖေ သူ့တော်ဝင်ဦးရီးတော် စကားတွေအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်ကို တွေ့သော်လည်း မေးခွန်တွေအများကြီး ထပ်မမေးတော့ဘဲ အမှန်ကို သူ၏ဆရာသခင်ကိုမေးဖို့ရာ ပြေးထွက်သွားလေသည်။

ထန့်ယွင် စားသောက်ပွဲဆီသို့ပြန်လာပြီး နေသိပ်မကောင်းကြောင်းညည်းညူကာ သူ့မှာ သေရည် သောက်နိုင်စွမ်းမရှိသဖြင့် အရင်ပြန်နားချင်​သည်ဟု ဆိုလိုက်၏။ မှန်သည်ပင်၊ လူတွေက ရွှယ်ဝမ်ကို မတွေ့ကြသဖြင့် ဘယ်သူမှ သူ့ကိုမတားကြပေ။

ထန့်ယွင် နန်းတော်ထဲမှ ထွက်လာခဲ့သည်။ အမတ်မင်းအိမ်တော်၏အစေခံများက တော်ဝင်နန်းတော်အပြင်ဘက်တွင် ရထားလုံးတစ်ခုပြင်ဆင်ကာ သူတို့သခင်အခမ်းအနားမှထွက်အလာကို စောင့်နေကြ၏။ ထန့်ယွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ အံ့ဩစရာကောင်းသည်က လွတ်​မြောက်ခြင်း၏ အရိပ်အယာင်တစ်ခုရှိနေခြင်းပင်။

သူ ရထားလုံးပေါ်မှဆင်းလျှင်ဆင်းချင်း အစေခံမိန်းကလေးတစ်ဦးပြေးလာကာ ထိတ်လန့်တကြားပြောလေသည်။

"သခင်...သခင် မြန်မြန်သွားပြီး သခင်လုကို သွားကြည့်သင့်ပါတယ်...တံခါးစောင့်တွေအကုန်လုံး လဲနေကြတယ်"

"အကျည်းတန် ဧကရီ"Where stories live. Discover now