Chapter 64
ရွှယ်ကျွင်းလျန်ထွက်သွားပြီး အချိန်အတန်ကြာသည့်အခါမှ ရှို့ယောင် အခန်းထဲ ဝင်လာသည်။
ဧကရီက အိပ်ရာပေါ်တွင်ထိုင်ပြီး သူမရှေ့ကို ကြောင်အအဖြင့် ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ လက်တစ်ဖက်ဖြင့် နားရွက်ဖျားကို ကိုင်နေပြီး သူမ၏ ပါးပြင်ကလည်း နီရဲနေသည်။
ရှို့ယောင် ခပ်တိုးတိုး ရယ်လိုက်သည်။
" အရှင်မ အိပ်ရာထပါတော့..."ထန့်ယွင် လန့်သွားသဖြင့် ရှို့ယောင်၏ရယ်သံက ပိုကျယ်လာသည်။
" ဧကရီ ညတုန်းက တော်တော်ပင်ပန်းသွားတယ်ထင်တယ်... အဲ့ဒါကြောင့် မနက်စောစောစီးစီး ထင်ယောင်ထင်မှားဖြစ်နေတာ... အရှင်မင်းကြီးက စောစောတည်းက ထွက်သွားပါပြီ..."
ထန့်ယွင်က ရှို့ယောင်ကို စိုက်ကြည့်လိုက်၍ သူမ ဟာသမလုပ်ရဲတော့ပေ။ သူမ၏ အရှင်မက ဆတ်ဆတ်ထိမခံနိုင်ကြောင်းကို သူမသိသည်။ သူမ ကျီစားခံရပါက ဒေါသထွက်လာပြီး ခံစားရမည့်သူက ရှို့ယောင်အပြင် မည်သူမျှ မရှိပေ။
ရှို့ယောင်က စာအိတ်တစ်အိတ်ကို ဧကရီ့ကိုပေးကာ ပြောလိုက်သည်။
" ဧကရီ မင်းကြီး မထွက်သွားခင် ကျွန်တော်မျိုးမကို ဒါလေးပေးခဲ့ပါတယ်... အရှင်မနိုးလာရငိ ပေးလိုက်ပါလို့ မှာသွားခဲ့ပါတယ်..."ရွှယ်ကျွင်းလျန်က အဘယ့်ကြောင့် လျှို့ဝှက်ဆန်းကြယ်စွာ ပြုလုပ်နေသည်ကို ထန့်ယွင် အံ့ဩနေသည်။ သူတို့ပုံစံက လျှို့ဝှက်အကြံအစည်နှင့် နည်းဗျူဟာများ ဖလှယ်နေသည်နှင့်တူသည်။
ထန့်ယွင်က စာအိတ်ကိုဖြဲပြီး အတွင်းမှစာရွက်ကို ထုတ်လိုက်ပြီးနောက် ဖတ်လိုက်သည်။
— ဘုရင်တစ်ပါး ဖြစ်ထိုက်တဲ့သူက တိုင်းသူပြည်သားတွေကို ငြိမ်းချမ်းမှုတွေ ယူဆောင်လာပေးတယ်...
ထန့်ယွင်က စာကို ထပ်ခါထပ်ခါဖတ်နေသော်လည်း အဓိပ္ပါယ်ကို နားမလည်နိုင်ဖြစ်နေသည်။
ဧကရီက စာကို လေးလေးနက်နက်ကြည့်နေသည်ကို ရှို့ယောင်မြင်၍ စာရွက်ပေါ်မှ အကြောင်းအရာကို ခိုးမကြည့်ရဲတော့ပေ။ ခဏအကြာတွင် သူမ တဖြည်းဖြည်း နောက်ဆုတ်သွားလိုက်သည်။ ဧကရီက မည်သည့်အကြောင်းများ တွေးတောနေသည်ကို သူမ နားမလည်တော့ပေ။
VOCÊ ESTÁ LENDO
"အကျည်းတန် ဧကရီ"
FantasiaDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...