Chapter 33
မင်းသာ ယောက်ျားတစ်ယောက်ဖြစ်ခဲ့ရင်ရွှယ်ကျွင်းလျန်၏စကားကို ထန့်ယွင်ကြားသည့်အခါ သူ ရယ်ချင်သွားသည်။ သူက အရာအားလုံးကို ပိုင်ဆိုင်လိုသည့် ဘုရင်တစ်ပါးဖြစ်သည့်အလျောက် စစ်သည်တစ်ထောင်ခန့်ကိုပင် လက်မလွှတ်နိုင်ဖြစ်နေသည်။ ထို့အပြင် ရွှယ်ယွီက စစ်သည်တစ်ထောင်ကို ခေါ်လာသည်ဖြစ်၍ ထိုစစ်သည်များက သူ့ခွန်အားအရင်းမြစ်ဖြစ်နိုင်သည်။
ရွှယ်ကျွင်းလျန်က ဧကရီ့အတွက် ဖြေရှင်း၍မဖြစ်နိုင်သော ပြဿနာတစ်ခုကို ပေးလိုက်ခြင်းပင်။ သူ ယခုလေးတင် ဧကရီနှင့် ရွှယ်ယွီတို့ စကားပြောနေသည်ကို မျက်စိဖြင့်တပ်အပ်မြင်ခဲ့သည်။ သူမက ဤကိစ္စကိုဖြေရှင်းရန် နည်းလမ်း မရှာနိုင်သည့်အပြင် ရွှယ်ယွီနှင့်ပါ ဆက်နွယ်မှုမရှိကြောင်းကို သက်သေပြနိုင်မည်မဟုတ်ဟု သူသေချာနေသည်။
သို့သော်လည်း ဧကရီက ပြုံးလိုက်လိမ့်မည်ဟု သူမထင်မှတ်ခဲ့ပေ။
ဧကရီက ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သည်ကို သူသိသည်။ သို့ရာတွင် သူမမည်မျှပင်ဉာဏ်ကောင်းပါစေ သူမက နန်းတွင်းမောင်းမဆောင်ထဲမှ အမျိုးသမီးတစ်ယောက်သာဖြစ်သည်။ သိမ်မွေ့နူးညံ့၍ နာခံတတ်သော အမျိုးသမီးတစ်ယောက်က စစ်ဗျူဟာများကို နားလည်နိုင်မည်မဟုတ်ပေ။
သို့ရာတွင် ရွှယ်ကျွင်းလျန်က ထန့်ယွင်အကြောင်းကိုမသိပေ။ ထန့်ယွင်က ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်ခဲ့ရသူဖြစ်သော်လည်း သူက အရည်အချင်းရှိပြီး အမြင်ကျယ်သူဖြစ်သည်။ ရွှယ်ဝမ်၏ တခြားဇနီးသည်များနှင့် ပြိုင်ဆိုင်ရစဉ်တွင် ဘာမှမလုပ်ပဲ ဘေးထွက်နေခဲ့သည်။ သို့ရာတွင် စစ်ဗျူဟာများနှင့် ပတ်သက်လာပါပ ထန့်ယွင်ထက်ပို၍ အရည်အချင်းရှိသူ မရှိနိုင်တော့ပေ။
ထန့်ယွင်ပြောလိုက်သည်။
" အရှင် သူ့ရဲ့စစ်သည်တွေကို လိုချင်တယ်ဆိုရင် အမိန့်ပေးလိုက်ပြီး အတင်းအကြပ်သိမ်းပိုက်လိုက်လို့ရတာပဲ ..."ရွှယ်ကျွင်းလျန်က ပြန်ဖြေလိုက်သည်။
" ကိုယ်တော်က ရွှယ်ယွီကို ဘယ်လိုမှ မငြင်းဆန်နိုင်တဲ့ အခြေအနေတစ်ခုရောက်အောင် လုပ်ချင်တာ ..."
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...