"အကျည်းတန် ဧကရီ"

1.3K 141 3
                                    

.

Chapter 85

ရွှယ်ကျွင်းလျန်က သူ့စကားများကို စောင့်နေခြင်းဖြစ်လေသည်။ သူ့စိတ်ကို အနည်းငယ်မျှပြသလိုက်ရုံနှင့် လန့်ကျင်းက ပထမဆုံးအကြိမ် တွေ့တွေ့ချင်းမှာပင် သူ့ကိုထွင်းဖောက်မြင်နိုင်သွားမည်ဟု သူ အမှန်ကို မျှော်လင့်မထားပါချေ။ သူက သူ၏မျက်နှာသာပေးမှုကို အလုံးအရင်းနှင့်ရဖို့ ဘာပြောရမည်၊ ဘာလုပ်ရမည်များကိုလည်း သိ၏။

မှန်တယ်...ရွှယ်ကျွင်းလျန်က အမြဲပင်  ထန့်ယွင်ကို ဖိနှိပ်လိုနေသော်လည်း အကြောင်းပြချက်ကို ရှာ၍မရပါချေ။ သူ့မှာ အခွင့်အလမ်းကောင်းရှိလျှင်ပင် ထန့်ယွင်က သူ့နည်းလမ်းကို အလွယ်တကူ ခုခံနိုင်ပြီး သူ့ကို ဖိနှိပ်ဖို့အခွင့်အရေးမပေးပေ။ သူသာ အမှန်ကို "လုရှစ်ချန်ကို အညံ့ခံအောင် စည်းရုံးသိမ်းသွင်းဖို့ ကျရှုံးမှု"ကို အမတ်မင်းထန့်နန်အား ဖိနှိပ်ရန်အတွက် အကြောင်းပြချက်အနေဖြင့် အသုံးပြုပါလျှင် အခြားသူတွေ၏မျက်လုံးများထဲတွင် ရွှယ်ဝမ်ကတွန့်တိုပြီး သဘောထားသေးသိမ်ပုံ ပေါ်သွားပေမည်။

ရွှယ်ကျွင်းလျန် စိတ်ထဲမှာ အစီအစဥ်တစ်ခုရှိလေသည်။ အမတ်မင်းထန့်နန်သာ မောင်းမဆောင်ထဲပါသွားပါက မောင်းမဆောင်မှ ကိုယ်လုပ်တော်များအနေဖြင့် နိုင်ငံရေးမှာ ဝင်မစွက်ဖက်နိုင်ပေ။ သူက မည်မျှပင် သန်မာပြီး လုပ်နိုင်စွမ်းရှိနေပါစေ ၊ကောင်းကင်ကိုတော့ လှည့်လို့မရပါချေ။ ဒီရက်ပိုင်းမှာ သူ အစီအစဥ်ချနေခဲ့၏။ မထင်မှတ်ဘဲ လန့်ကျင်းပေါ်လာပြီး သူ့ကို အများအပြားကူညီပေးခဲ့၏။

မှန်သည်ပင်၊ လန့်ကျင်းက ရွှယ်ယွီ့နားမှာနေပြီး စောင့်ရှောက်ရဖို့အတွက် သူ့စကားများအတိုင်း လိုက်လျောညီထွေဖြစ်အောင် ကစားနေခြင်းဖြစ်ကြောင်း သူသိပါ၏။ ရည်မှန်းချက်အောင်မြင်သရွေ့ သူသုံးသည့်နည်းလမ်းကို

ရွှယ်ကျွင်းလျန် ဂရုမစိုက်ပေ။ 

ထန့်ယွင် သူတို့ပြောနေသည်စကားများကို နားထောင်ပြီးနောက် ထိတ်လန့်ကြောင်အသွားပြီး ကျောက်ရုပ်ထုကြီးလိုမျိုး ထိုနေရာမှာရပ်နေမိသည်။ လတ်စသတ်တော့ ရွှယ်ကျွင်းလျန်က ဤလမ်းကြောင်းကို တကယ်သုံးချင်ခဲ့သည်ပင်။ဤသည်က အမှန်ကို သူ့ကို ဖိနှိပ်နိုင်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်၏။ ယင်းက ရွှယ်ဝမ်၏ သူ့မွေးနေပွဲအခမ်းအနားညမှ မူးမူးရူးရူးအပြုအမူများကိုလည်း ရှင်းပြပြီးသားဖြစ်သွားလေသည်။

"အကျည်းတန် ဧကရီ"Where stories live. Discover now