Chapter 117
အားလုံး မတိုးသာမဆုတ်သာဖြစ်နေကြပေသည်
ချန်ယီက စိုးရိမ်မှုကြောင့် ချွေးများရွှဲနေပြီး ထန့်ယွင်ကို မကြာမကြာကြည့်နေ၏။
ထန့််ယွင်ကမူ စိတ်ထဲတွင် ရွှယ်ကျွင်းလျန်၏ရည်ရွှယ်ချက်ကို နားမလည်နိုင်ဆဲပင်။ ရွှယ်ကျွင်းလျန်က ဘာတစ်ခုမှမပြောပြပါဘဲ သူ့အပေါ်မှာလည်စ ထူးဆန်းသည့်သဘောထားရှိနေသည်။ တစ်ခါတစ်ရံ အေးစက်ကာ တစ်ခါတစ်ရံ ပူနွေးပြီး၊ တစ်ခါတရံ ဂရုစိုက်ပေးပြီး တစ်ခါတရံ စိမ်းကား၍နေ၏။
ရွှယ်ဟုန်ယန် ၎င်းကို စိတ်ထဲမှာ သိပါသော်လည်း သူကိုယ်သူ အပြင်လူတစ်ယောက်ဟုထင်မိလေသည်။ သူနှင့်မဆိုင်သည်ဖြစ်ရာ တစ်ခုခုပြောရန် သူ့အတွက်ခဲယဥ်းပေ၏။
ထန့်ရှန်အနေဖြင့် သူဤစာရွက်အလွှာကိုဖောက်ပြီး ရွှယ်ကျွင်းလျန်ကိုကူညီမိမှာစိုးသည့်အတွက်.ထန်ယွင်ကို ပြောပြရန်ဆန္ဒမရှိပါချေ။ သို့ဖြစ်ရာ ထန့်ယွင်က ဘာတစ်ခုမှကိုမသိရှာပါချေ။
နောက်ဆုံးတွင် ထန့်ယွင်ထရပ်ကာလျှောက်တင်လိုက်သည်။
"ဒီနိမ့်ကျတဲ့ငယ်သားက အဆင်အခြင်မဲ့တဲ့သူပါ...
စစ်မြေပြင်မှာနေသားကျနေပါပြီ...ဒီနိမ့်ကျတဲ့ငယ်သားက စည်းမျဥ်းတွေကို ချိုးဖောက်မိမှာစိုပါတယ်"
ထန့်ယွင်က သူ့ခံစားချက်များကို နားမလည်ပါဘဲ
ရွှယ်ကျွင်းလျန်က သူ့ကို လျှို့ဝှက်ကြံစည်နေဆဲဖြစ်ပြီး သူကိုဆန့်ကျင်ရန်အပိုင်ဲဲကြံနေသည်ဟုထင်နေမှန်း သိသောကြောင့် ရွှယ်ကျွင်းလျန်စိတ်မကောင်းသလို ခံစားရ၏။
ချန်ယီက လန့်ကျင်းဆီကိုစကားကောင်းများစွာပြောပြီးတောင်းရန် ဆင်းသွားခဲ့သော်လည်း လန့်ကျင်းက အတွေ့ပင်မခံပေ။
ချန်ယီ ဤသို့ပြောရုံသာတတ်နိုင်လေသည်။
"တွေးကြည့်ပါဦး...မင်းက ဧကရာဇ်ကို ဖြောင့်ဖြရင်လည်း ကောင်းတဲ့အရာပဲမဟုတ်ဘူးလား...ရွှယ်ဝမ်က ခဏလောက်စိတ်ခံစားချက်ပြင်းထန်ရုံပါ...သူ အနာဂါတ်ကျရင် နောင်တရလိမ့်မယ်..မင်းသူ့ကို အခုဖြောင့်ဖြတားဆီးလိုက်ရင် သူကသေချာပေါက် မင်းရဲ့ လုပ်ဆောင်ချက်ကိုမှတ်မိနေမှာ...အနာဂတ်မှာ တစ်ခုခုတောင်းဆိုဖို့လွယ်ကူသွားလိမ့်ယ်"
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...