"အကျည်းတန် ဧကရီ"

1.8K 105 8
                                    

Chapter 154

အစေခံဖြစ်သူ ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့ပြီး အရှင်လန့်က ကြီးလေးသော ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်ခဲ့သည်ဟု ထင်လိုက်မိသည်။

ညနေစောင်းသာရှိသေးပြီး ဂိတ်တံခါးပိတ်ရမည့် အချိန်မရောက်သေးပေ။ ဂိတ်မှူးဟာ နယ်စားမင်းကျန့်ကျန်းဆီကနေ ဂိတ်တံခါးပိတ်ပြီး အရှင်လန့်ကျင်းကို ဖမ်းဆီးရန်အမိန့်ပေးထားသည့် လက်ရေးစာတစ်စောင်ကို ရရှိခဲ့၏။

လန့်ကျင်းက လက်ရှိအချိန်၌ မြို့ထဲကနေထွက်သွားတော့မည်ဖြစ်ပြီး ရလဒ်တစ်ခုအနေဖြင့် တပ်သားတွေဆီကနေ အဖမ်းခံရကာ အကျဥ်းတိုက်ထဲတိုက်ရိုက်အထည့်ခံလိုက်ရလေသည်။

ထိုသူက အရှင်လန့်ဖြစ်သည်ကို တွေ့သောအခါ ထောင်မှူး သက်ပြင်းချမိလိုက်သည်။ မည်သို့သော လောကကြီးပါနည်း။ သေချာသည်၊တော်ဝင်မျိုးနွယ်တွေအကုန်လုံးက တစ်ယောက်နှင့်တစ်ယောက် ရန်လိုနေကြပြီး ဘယ်သူ့ကိုမှ အသိအမှတ်မပြုကြပေ။ အရှင်လန့်ပင် အကျဥ်းတိုက်ထဲ အပို့ခံလိုက်ရ၏။

ဆန့်ကျင်ဘက်အနေဖြင့် လန့်ကျင်းဟာ တည်ငြိမ်နေခဲ့ပြီး ခုခံခြင်းမရှိပါဘဲ ထိုင်ချ၍သာ မျက်လုံးမှိတ်လျက် အနားယူနေခဲ့သည်။

လန့်ကျင်းကို ဖမ်းမိကြောင်းကြားလျှင် ရွှယ်ယွီ အကျဥ်းခန်းကို အပြေးသွားလိုက်၏။ အစောင့်ကို သောဖွင့်ခိုင်းပြီး လက်ဝှေ့ယမ်းကာဖြင့် လူအုပ်ကို ဝေးဝေးသွားခိုင်းလိုက်သည်။ လန့်ကျင်းက တစ်ယောက်ယောက်လာနေသည်ကို သိသိသာသာ ကြားပါသော်လည်း မျက်လုံးမဖွင့်ဘဲ အသံကိုလျစ်လျူရှုထားသဖြင့် ရွှယ်ယွီ အလွန်ဒေါသထွက်သွား၏။

ရွှယ်ယွီက လမ်းလျှောက်ကာ ဝင်သွားပြီး အေးစက်စက်မျက်နှာဖြင့် ပြောလိုက်သည်။

"အရှင်လန့်က အရမ်းကြီးကျယ်နေတာပဲ...ဒီနယ်စားမင်းရောက်နေတာကိုတောင် ဘာတစ်ခွန်းမှ မပြောသေးဘူး"

လန့်ကျင်းက မျက်လုံးမဖွင့်ပါဘဲ ပြုံးကာဖြေလေ၏။

"ဒီလန့်က သူ့ကိုယ်သူ မကြာခင်သေတော့မှာမှန်းသိပါတယ်...ဘာလိုကျင့်ဝတ်တွေနဲ့ ဟန်ကြီးပန်ကြီးလုပ်နေရဦးမှာလဲ"

"အကျည်းတန် ဧကရီ"Where stories live. Discover now