"အကျည်းတန် ဧကရီ"

1.3K 137 1
                                    

Chapter 89

ရွှယ်ကျွင်းလျန်က ထပ်ပြောပြန်၏။

" မေ့တော့မလို့...ကုက အခုတလော လုပ်စရာတွေအများကြီး​ရှိနေတာ ...ကု တော်ဝင်ဆေးကုသရုံက တော်ဝင်သမားတော်ကို ပြီးရင် မောင်မင်းကို စစ်ဆေးပြီး မောင်မင်းခန္ဓာကိုယ်ကို နာလန်ထူအောင်ကူညီပေးဖို့ မိန့်လိုက်မယ်...အနားယူဖို့ကလွဲပြီး တခြားဘာအ​ကြောင်းမှ မစဥ်းစား....."

သူ့စကားမဆုံးခင်မှာ ရွှယ်ယွီဆီကအသံကိုကြားလိုက်ရသည်။

"လန့်ကျင်းက သူ့ကိုယ်သူပြန်ရွေးနိုင်ရင် သူ့အသက်ကိုချမ်းသာပေးဖို့ ကျွန်တော်မျိုး အရှင်မင်းကြီးကို အနူးအညွှတ်တောင်းပန်ပါတယ်"

ရွှယ်ကျွင်းလျန်က ဤစကားကို စိတ်ဝင်စားသွားပုံရပြီး ပြုံးလိုက်၏။

"သူ့ကိုယ်သူ ဘယ်လိုပြန်ရွေးမှာလဲ"

တစ်ဖက်လူက ဟိုးယခင်ကတည်းက တွင်းနက်နက်တူး၍ ထောင်ချောက်တစ်ခုချထားပြီး သူ ခုန်ဆင်းလာမှာကိုပဲ ထိုင်စောင့်နေသလိုမျိုး ရွှယ်ယွီ ခံစားရကာ သူ့အနေဖြင့် ထုတ်ပြောလိုက်ရသည်။

"လန့်ကျင်းက အရှင်မင်းကြီးကို ရွှယ်ကနေ ရန်သူတွေပြန်ဆုတ်ခွာသွားအောင် ကူညီပေးနိုင်ပါတယ်...သူ့ကို ရှေ့တန်းပို့တာက ပိုကောင်းပါတယ်ဘုရား"

ရွှယ်ကျွင်းလျန်က ရယ်လိုက်၏။

"သူက မောင်မင်းရဲ့လူလေ...ကု သူ့ကိုပို့ဝံ့မှာမဟုတ်ပေဘူး"

ရွှယ်ယွီ အံကြိတ်ကာ လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီးက စကားတစ်ခွန်း မိန့်လိုက်သရွေ့ လန့်ကျင်းက သဘာဝအတိုင်း အရှင်မင်းကြီးကို သစ္စာစောင့်သိမှာပါ"

"အိုး.....အမတ်မင်းကျန်းကျန်းကတောင် ဒီလိုပြောနေပြီဆိုတော့ လန့်ကျင်းရဲ့ကိုယ်ပိုင်ဆန္ဒကရောဘယ်လိုလဲ"

ဘေးတွင် အစောင့်များဝန်းရံကာ ဒူးထောက်နေသည့်လန့်ကျင်းကတော့ ငြိမ်သက်လျက်ရှိ၏။ ဤတစ်ကြိမ်တွင် သူဟာ ရွှယ်ယွီကို စိုက်ကြည့်ရုံသာကြည့်ကာ ခေါင်းငိုက်စိုက်ကျလျက် ဆိုလာသည်။

"အကျည်းတန် ဧကရီ"Where stories live. Discover now