Chapter 50
ကြောက်စရာကောင်းသည့် တောပုန်းဓားပြများကျန်းယွီ၏ လျှောက်တင်ချက်ကြောင့် ရွှယ်ကျွင်းလျန်၏ အမူအရာက တစ်စက္ကန့်ခန့် အေးစိမ့်စိမ့်ဖြစ်သွားပြီးနောက် ထည်ဝါ၍တည်ငြိမ်အေးဆေးသော အမူအရာ ပြန်ဖြစ်သွားသည်။ ထို့နောက် ဧကရီသင်ကြားပေးသည်ကို နားထောင်နေသော အိမ်ရှေ့စံမင်းသားလေးထံသို့ ရောက်သွားသည်။
ကျန်းယွီတစ်ယောက်တည်းသာ ချွေးစေးများပြန်နေခြင်းဖြစ်သည်။ ရွှယ်ကျွင်းလျန် ယနေ့စိတ်ကြည်လင်နေရခြင်းမှာ ဖုန့်ဝမ်က မင်မြစ်ကိုရောက်ရှိသည့်နေ့မှာပင် တစ်မြို့လုံးကို ရေမြုပ်အောင်လုပ်မည့်အစီအစဉ်က အချိန်ကိုက်ဖြစ်သွားခဲ့ကြောင်းကို သူလျှိုတစ်ယောက်က သတင်းပို့ထား၍ဖြစ်သည်။ သို့ရာတွင် တရားဝင်တံဆိပ်ပြားတစ်ခုကို မြို့အနီးတွင်ရှာတွေ့သည်ဟူသော လျှောက်တင်ချက်တစ်ခုလည်း ရထားပြန်သည်။
မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မှန်းဆရန်မခက်ခဲပေ။ ကျောက်လုက မင်မြစ်ကို ရောက်လာခဲ့သည်သာ ဖြစ်မည်။ မင်မြစ်တွင် ကျောက်လု မည်သည့်အရာလုပ်ခဲ့သည်ကို ရွှယ်ကျွင်းလျန် ခန့်မှန်းပြီးသားဖြစ်ကြောင်း ကျန်းယွီသေချာပေါက်သိနေသည်။
ရွှယ်ကျွင်းလျန်က နန်းဆောင်ထဲတွင် ခဏသာနေပြီးနောက် ထွက်လာသည်။ အပြင်ဘက်ကို လမ်းလျှောက်ထွက်လာသည့်အခါ ပြောလိုက်သည်။
" ကိုယ်တော် ခန့်မှန်းတာ တစ်ကြိမ်မှ မမှားခဲ့ဖူးဘူး... ဒါပေမဲ့ ဒီတစ်ကြိမ်တော့မှားပါစေလို့ မျှော်လင့်ရမှာပဲ..."
" ဒါဆိုရင် အရှင်မင်းကြီး ကျောက်လုကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါလဲ..."
ရွှယ်ကျွင်းလျန်က လမ်းလျှောက်နေရာမှရပ်ပြီး ပြောလိုက်သည်။
" သူနဲ့ ရှင်းစရာမလိုပါဘူး... မျက်နှာချင်းဆိုင်ရှင်းတော့ရော ဘာများကောင်းလာမှာမို့လဲ... မသိချင်ယောင်ဆောင်တာလည်း အသုံးမဝင်ဘူး... ကျောက်လုက ဖုန့်ဝမ်ကို တစ်ကြိမ် ကူညီခဲ့ပေမယ့် သူ့ရဲ့သစ္စာရှိမှုကတော့ ရွှယ်တိုင်းပြည်အပေါ် ရှိနေတုန်းပဲ..."
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...