Chapter 84
အမတ်မင်း နေအိမ်တော်ကား ရဲမက်ထူထူ ဝန်းရံစောင့်ကြပ်နေ၏။ အစောင့်များသည် ပုဆိန်သွားတပ်ဆင်ထားသည် လှံရှည်များကို ကိုင်ဆောင်ထားကာ ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကြသည်။ မည်သူမျှ နေအိမ်တော်နားသို့ မချဥ်းကပ်ဝံ့ကြပေ။ ထိုသည်က ဧကရာဇ်ကို ဆန့်ကျင် ပုကန်၍ ဖြစ်ကြောင်း လူတိုင်းသိကြ၏။
သူတို့အားလုံး နေအိမ်တော်အတွင်းသို့ အပြုံလိုက်ကြီး ဝင်လာခဲ့ကြသည်။ နေအိမ်တော်သည်ကား စောင့်ရှောက်မည့်သူမရှိသဖြင့် ဝမ်းနည်းဖွယ်အခြေအနေသို့ ရောက်ရှိနေ၏။ပန်းမန်များက သေဆုံးနေကြပြီး ဥယျာဥ်နေရာ၌ ပေါင်းပင်များ အပြည့်နေရာယူထားပြီဖြစ်ကာ ထူပိန်းလွန်း၍ ခြေပင်ချမရပါချေ။ စကြ်လမ်းတစ်လျှောက်ရှိ မီးအိမ်များထက်တွင်ကား ပြာအလွှာတစ်ထပ်ဖုံးအုပ်နေပြီဖြစ်ကာ ထောင့်စွန်းများ၌ ပင့်ကူမျှင်များပင်ရှိနေကြသည်။
ထန့်ယွင် အိမ်တော်ကြီး၏ ပထမဆုံးမြင်ကွင်းမှာပင် အရာအားလုံးကို နားလည်သွားခဲ့၏။ ထန့်ယွင်နှင့် ရွှယ်ယွီတို့က အဆင့်အတူတူဖြစ်လေသည်။ ရွှယ်ကျွင်းလျန်က ကျားကိုခြောက်ဖို့ တောင်ကိုပတ်ရိုက်ရန် သူ့ကို ဤနေရာသို့ခေါ်လာခြင်းဖြစ်ကာ ပုန်ကန်ခြင်းနှင့် သစ္စာဖောက်ခြင်း၏ အကျိုးဆက်ကို ကြည့်ခိုင်းခြင်းဖြစ်ချေ၏။
အမှန်တွင် အမတ်မင်းထန့်နန်ကို ရွှယ်ယွီနှင့်တစ်တန်းတည်းဟု သဘောထား၍မရပါချေ။ အဆုံးမတော့ သူ၏မျိုးရိုးနာမည်က ရွှယ်မှမဟုတ်သည်ပင်။ရွှယ်ယွီအနေဖြင့် ထိုကဲ့သို့ ကြီးလေးသော ပြစ်မှုကို ကျူးလွန်ခဲ့ပြီးနောက်ပင် ယခုတိုင် အသက်ရှင်နေခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ တော်ဝင်မိသားစုဟာ အချင်းချင်းမသတ်ဖြတ်ရ၊ မဟုတ်လျှင် မိသားစုစာရင်းမှထုတ်ပယ်ခံရမည် ဟု ပြဌာန်းထားသည့် ဘိုးဘေးဘီဘင်များ၏ အမိန့်ပြန်တမ်းအရသာဖြစ်လေသည်။ အကယ်၍ ထန့်ယွင်သာ ကြီးလေးသောပြစ်မှုကို ပြုလုပ်ခဲ့ပါက သူ သေချာပေါက် ချက်ချင်းလက်ငင်း အသတ်ခံရမှာဖြစ်၏။
အမတ်မင်းနေအိမ်တော်တွင် ဘေးခြံဝန်းထဲ၌ နောက်ထပ် နုံချာသေးငယ်သည့် အိမ်ငယ်လေးတစ်တန်းကို ဆောက်လုပ်ထားသည်။ ယင်းအိမ်များဟာ ပြတင်းပေါက်တွေမပါဘဲ သုံးဖက်သုံးတန်လုံး အလုံပိတ်ထားပြီး ဝင်ပေါက်တစ်ခုသာ ဖွင့်ထားကာ တံခါးကိုလည်း ချိန်ကြိုးများဖြင့် တွဲချည်၍ မင်းတုန်းချထား၏။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...