"အကျည်းတန် ဧကရီ"

1.2K 110 2
                                    

Chapter 115

ထန့်ယွင်၊ ရွှယ်ဟုန်ယန်နှင့်ဝန်မင်းများဟာ ရွှယ်ချန်ကျင်း၏ လိင်ပိုင်းဆိုင်ရာ နှစ်သက်မှုများကိုသိနေသည်မှာ ကြာလှလေပြီ။ ရွှယ်ကျွင်းလျန်က ထိုသို့ပြောလိုက်သည်ကို ကြားသောအခါ ပြပွဲကောင်းတစ်ခုဖြစ်တော့မည်ဖြစ်ကြောင်း သူတို့သိကြသည်။

ရွှယ်ကျွင်းလျန်က လူတိုင်း၏မျှော်မှန်းချက်များအတိုင်း တကယ်လုပ်ဆောင်ခဲ့လေ၏။

သူက နားလည်ရခက်သော အပြုံးတစ်ခုဖြင့်ဆိုလိုက်၏။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖုန့်ဘုရင်က ကုနဲ့လက်ထပ်မဟာမိတ်ပြုဖို့ ပြောလာတယ်...ကုစဥ်းစားရမျှကတော့ ဟုန်ယန်က လက်ဆက်ပေးလို့ရတဲ့ တစ်ဦးတည်းသာ နယ်စားမင်းပဲ...ဒါပေမဲ့ ဖုန့်တိုင်းပြည်က နယ်စားမင်းကိုးယောက်ရဲ့ သမီးတော်တွေက ရွှေကိုင်းရွှေခက် ကျောက်စိမ်းသစ်ရွှက်တွေလေ...ဟုန်ယန်ရဲ့စရိုက်က ကြမ်းတမ်းလွန်းတယ်...ပြီးတော့ သူက အလေးမထားမှာလည်းစိုးရိမ်ရတယ်...ချန်ကျင်းကတစ်ခါမှ လက်မထပ်ရသေးဘူးလို့ ကုမထင်ထားခဲ့ဘူး...ဒါပေမဲ့ အခုတော့ အကောင်းဆုံးဖြစ်သွားပုံပဲ...ကုမောင်မင်းရဲ့ အိမ်ထောင်ရေးကို ကိုယ်တိုင်မြန်းပေးမယ်"

ရွှယ်ချန်ကျင်း ချွေးစေးများပြန်နေ၏။ နယ်စားမင်းကိုးယောက်၏ သမီးကမည်သို့ မဆိုးသွမ်းဘဲနေပါမည်လဲ။ခင်ပွန်းသည်က သူမကို မထိမတွေ့ပါက ခင်ပွန်းသည်ကို မထီမဲ့မြင်ပြုပြီး ဖုန့်တိုင်းပြည်ကို တိုင်ကြားကာ နှစ်နိုင်ငံစစ်ဖြစ်အောင် လှုံ့ဆော်နိုင်သည်မဟုတ်ပါလော။

ရွှယ်ချန်ကျင်း ဘာတစ်ခုမှမပြောနိုင်သေးခင်တွင် ရွှယ်ဟုန်ယန်က ထရပ်ကာ အပြုံးတစ်ခုနှင့်ဆိုသည်။

"ချန်တိလည်း ဒါကတကယ့်ကို အကြံကောင်းတစ်ခုလိုထင်ပါတယ်...ချန်တိက စစ်မြေပြင်မှာပဲနေနေကျဆိုတော့ ဇနီးသည်ကို လျစ်လျူရှုမိမှာစိုးရိမ်ပါတယ်"

ရွှယ်ကျွင်းလျန်:"မှန်တာပေါ့...သိပ်ကောင်းတယ် ချန်ကျင်း...မောင်မင်းမှာကန့်ကွက်စရာမရှိရင် အတည်ဖြစ်သွားပြီနော်"

ရွှယ်ချန်ကျင်း ပြန်လည်ချေပချင်ပါသော်လည်း ရွှယ်ကျွင်းလျန်၏ ပြုံးနေသော အမူအရာကိုကြည့်ပြီး ပြီးခဲ့သော ကြိမ်ဒဏ်အပြစ်ပေးမှုကို ပြန်တွေးမိကာ သူ့တစ်ကိုယ်လုံး နာကျင်သွားပြန်သည်။ အဆုံးတွင် သူ ကြောက်လွန်း၍ စကားမပြောရဲတော့ပေ။

"အကျည်းတန် ဧကရီ"Donde viven las historias. Descúbrelo ahora