Chapter 59
အရှင်နယ်စားမင်းရော အလိုမရှိဘူးလား
mရွှယ်ဟုန်ယန်က မကြာမီ ရွှယ်တိုင်းပြည်နန်းမြို့တော်သို့ ပြန်ရောက်လာတော့မည်ဖြစ်ပြီး သူ့စစ်တပ်အားလုံးကိုလည်း ပြန်မခေါ်လာသင့်ကြောင်းသိသည်။ ထန့်တိုင်းပြည်၏ လုံခြုံဘေးကင်းမှုအတွက် စစ်တပ်ငယ်တစ်ခုကို ထားရစ်ပေးခဲ့သည်။
ထန့်ဝမ်ကိုကူညီ၍ ပုန်ကန်သည့်စစ်တပ်ကို ချေမှူန်းပေးခဲ့ခြင်းက လွယ်ကူသော်လည်း ထန့်ဝမ်က ရွှယ်တိုင်းပြည်စစ်သားများအားလုံးကို ပြန်ဆုတ်ခွာသွားခိုင်းလျှင်ပင် ရွှယ်ဟုန်ယန်က ခွင့်ပြုမည်မဟုတ်ပေ။
ရွှယ်ဟုန်ယန်က ဤတစ်ကြိမ်တွင် မဟာအောင်မြင်မှုကြီးတစ်ခုဖြင့် ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ သူက ထန့်ရှင်းကို အရှင်လက်ရ ဖမ်းမိခဲ့ပြီး ထန့်တိုင်းပြည်က ရွှယ်တိုင်းပြည်နှင့် မဟာမိတ်များအဖြစ်နေရန် သဘောတူညီမည်ကို သေချာအောင် ပြုလုပ်ခဲ့ရသည်။ သူက တိုင်းပြည်အတွက် မဟာအောင်မြင်မှုကြီးတစ်ခု ရရှိအောင် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ရွှယ်ဝမ်က နယ်စားမင်းဝမ်နျန်ကို ဆုတော်လာဘ်တော် ချီးမြှင့်မြောက်စားလိုသော်လည်း နယ်စားမင်းဟူသည့်ရာထူးက အလွန်မြင့်နေပြီဖြစ်၍ ပေးနိုင်သည့်အရာ မရှိတော့ပေ။ ရွှယ်ဟုန်ယန်က ပါးနပ်သူဖြစ်၍ မည်သည့် ဆုလာဘ်မှ မလိုအပ်ကြောင်း ရည်ရွယ်ချက်ရှိရှိ ပြောပြခဲ့သည်။
ရွှယ်ကျွင်းလျန်က ချီးကျူးစကား အနည်းငယ်ပြောပြီး ရွှယ်ဟုန်ယန်က ဆုတော်လာဘ်တော်မယူတော့ဟု တောင်းဆိုခြင်းကို လွယ်ကူစွာလက်ခံခဲ့သည်။ သို့သော်လည်း ရွှေငွေများဖြင့် ဆုချီးမြင့်ရန် လိုအပ်နေဆဲဖြစ်သည်။ ထန့်ဝမ်ကိုယ်တိုင်ပြင်ဆင်ပေးထားသည့် မိန်းမလှလေးသုံးယောက်ကို နယ်စားမင်းဝမ်နျန်အတွက် ရွှယ်ဝမ်က ဆုချီးမြှင့်ခဲ့သည်။
ထန့်ဝမ်က ရွှယ်တိုင်းပြည်သို့ လာရာလမ်းခရီးတွင် ထိုမိန်းမလှလေးသုံးယောက်ကို ရွှယ်ဝမ်အတွက် ကိုယ်တိုင် ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထန့်ဝမ်၏ ရည်ရွယ်ချက်အစစ်အမှန်က ရွှယ်ဝမ်၏ မျက်နှာသာပေးမှုကို ရရှိရန်သာဖြစ်ကြောင်း အားလုံးသိသည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...