Chapter 38
အိမ်မက်ဆိုး ( ၁ )" မ ... မရီးတော်..."
ရွှယ်ဟုန်ယန်က လှုပ်ရှားမှုများကို ကတိုက်ကရိုက် ရပ်တန့်လိုက်ပြီး လက်များကိုပါ အမြန်ပြန်ရုတ်လိုက်သည်။ သူတားလိုက်သည့်ဓားက ချွင်ခနဲအသံဖြင့် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ ထိုအသံက အလွန်ကျယ်လှသဖြင့် အပြင်ဘက်မှအစောင့်များကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူတို့က အထဲသို့ တစ်ဟုန်ထိုးပြေးဝင်လာသော်လည်း ထိတ်လန့်မှုကြောင့် ရပ်တန့်သွားသည်။
ကျန်းယွီမှာ ဤတစ်ရက်တည်းဖြင့် ဘေးကျပ်နံကျပ်ဖြစ်ရပ်များစွာ ကြုံတွေ့လိုက်ရသည်ဟု ခံစားလိုက်မိသည်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ...ဧကရီ၏ဆံနွယ်များမှာ ဆံထိုးများမထိုးထား၍ သူမ ပခုံးပေါ်မှတစ်ဆင့် ရေတံခွန်ကဲ့သို့ ဖြာကျနေသည်။ အဝတ်အစားများက မသေမသပ်ဖြစ်နေပြီး ခါးစည်းကြိုးကိုဖြည်ထား၍ အပြင်ဝတ်ရုံက ဟနေပြီး ဂါဝန်ပွပွကြီးက ခြေတံရှည်များကိုပင် မဖုံးကွယ်ထားနိုင်တော့ပေ။
ဧကရီ၏ မျက်လုံးများက နီရဲနေပြီး နှုတ်ခမ်းများကိုလည်း ဖိကိုက်ထားသဖြင့် သွေးထွက်လုမတတ်ဖြစ်နေသည်။ သူမက ရွှယ်ဝမ်ကို အရှင်လတ်လတ်အရေခွံနွာပစ်ချင်သကဲ့သို့ ကြည့်နေသည်။
ရွှယ်ဟုန်ယန်က သူမ၏ အဝတ်အစားများ ဖရိုဖရဲဖြစ်နေသည်ကို သတိပြုလိုက်မိပြီးနောက် သူက အနီးဆုံးနေရာတွင် ရပ်နေသည်လူဖြစ်၍ ချက်ချင်းမျက်လွှာချလိုက်သည်။ ထို့နောက် ခေါင်းငုံ့ထားလျက်နှင့်ပင် ရွှယ်ကျွင်းလျန်၏ အနောက်ဘက်သို့ ဆုတ်နေလိုက်သည်။
ရွှယ်ကျွင်းလျန်၏ တုံ့ပြန်မှုက နှေးကွေးလှသည်။ သူ၏အပြင်ဝတ်ရုံကိုချွတ်ပြီး ဧကရီကို တင်းတင်းကြပ်ကြပ်ခြုံပေးလိုက်ပြီးသူမ၏ ကပိုကရိုပုံစံက အခြားလူများမမြင်ရအောင် ကာကွယ်ပေးလိုက်သည်။ သူ့က ဒေါသထွက်ရမည့်အစား ပြုံးပြကာပြောလိုက်သည်။
" အိုက်ဖေး ကိုယ်တော့်ကို စိတ်ဆိုးသွားတာလား...ကိုယ်တော် မင်းကို အားကုန်သွားအောင် လုပ်မိလို့ထင်တယ်..."
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...