Chapter 113
ရွှယ်ကျွင်းလျန်နှင့် နယ်စားမင်းကျန့်အန်းကြားက ခံစားချက်များ မည်မျှထိနက်ရှိုင်းသလဲဆိုသည်မှာ ပြောဖို့ရာမဖြစ်နိုင်ပါချေ။ ရွှယ်ဧကရာဇ်များ၏ ယခင်မျိူးဆက်ထဲတွင် နယ်စားမင်းကျန့်အန်းတစ်ဦးတည်းသာကျန်ရစ်ခဲ့သည်။ သူ ဘာကြောင့်နေနိုင်သလဲဆိုသည်က အလွန်ပင်ရိုးရှင်း၏။ နယ်စားမင်း ကျန်းအန်းက စစ်တပ်အာဏာကို ကိုင်ဆောင်ထားပြီး ကြင်နာတတ်လေသည်။သူဟာ ငြိမ်းချမ်းရေးတမန်တော်တစ်ဦးဖြစ်ပြီး သူ့ကိုယ်သူမပြည့်ဝမှန်းသိသည့်အတွက် ဘယ်တုန်းကမှ ထီးနန်း ရာထူးဂုဏ်သိမ်များကို တိုက်ခိုက်ခြင်းလုယူခြင်းမရှိခဲ့ပေ။
ယခု နယ်စားမင်းကျန်းအန်း သေဆုံးသွားပြီဖြစ်ရာ ရွှယ်ကျွင်းလျန် သူ၏စစ်တပ်အာဏာနှင့်ပတ်သတ်ပြီး စတင်တွေးတောရတော့၏။
ရွှယ်ကျွင်းလျန် ညီလာခံရုတ်သိမ်းပြီး လူအများအပြားကို ဤအရေးကိစ္စအတွက် ဆွေးနွေးရန် စာကြည့်ဆောင်ထဲက အနွေးမဏ္ဍပ်ကိုလာခိုင်းလိုက်သည်။ ရွှယ်ကျွင်းလျန်အနေဖြင့် အင်အားမသုံးဘဲ နယ်စားမင်းကျန်းအန်း၏စစ်တပ်အာဏာကို သိမ်းယူလိုသည်မှာသဘာဝကျပေသည်။ အဆုံးမတော့ ဖုန့်မင်က ဤတိုင်းပြည်ကို မျက်စိထောက်ထောက်ကြည့်နေ၏။ ရွှယ်တိုင်းပြည်သာ ပြည်တွင်းစစ်ဖြစ်ပွားပါလျှင် ဖုန့်မင်က သေချာပေါက် ယင်းကို အခွင့်ကောင်းယူရန်ကြိုးစားမှာပင်။
ရွှယ်ဟုန်ယန်က ခေတ္တခဏစဥ်းစားပြီးနောက် ပြောလေသည်။
"နှစ်တွေအများကြီး ကြာပြီးတဲ့နောက် နယ်စားမင်းကျန်းအန်းရဲ့ ဩဇာအာဏာကအခြေခိုင်နေပြီ...ချန်တိ သူ့ရဲ့စစ်တပ်ကို မြင်ဖူးပါတယ်...အရေအတွက်က သိပ်မများပေမဲ့ တကယ်ကို လက်ရွေးစင်စစ်တပ်တစ်ခုပါ...ချန်တိစိုးရိမ်တာက နယ်စားမင်း ကျန်းအန်းမရှိတော့ရင်တောင်
သူ့စစ်တပ်ကအလွယ်တကူ အညံ့မခံမှာကိုပါ"
ရွှယ်ကျွင်းလျန် ခေါင်းညိတ်လိုက်၏။ ရွှယ်ဟုန်ယန်ပြောသည့်အရာက သူစိတ်ပူနေသည့်ဟာအတိအကျပင်။ နယ်စားမင်းကျန်းအန်းက အရာရှိတစ်ယောက်အနေဖြင့် မာန်မဝံ့ပေ။ သူဟာ စစ်သည်များနှင့်ရင်းနှီးသော ဆက်ဆံရေးရှိပြီး အများ၏အကြွင်းမဲ့ ယုံကြည်လက်ခံမှုကိုရထားလေသည်။ ဤအတွက်ကြောင့် စစ်သည်များက သူတို့၏သခင်ဟောင်းကို အတော်လေးသံယောဇဥ်ရှိနေကြပါက စစ်တပ်အာဏာကို သိမ်းယူရန်ခက်ခဲပေမည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...