Chapter 60
နယ်စားမင်းထန့်နန် ( ၁ )နောက်တစ်နေ့မနက်တွင် ရွှယ်ဟုန်ယန်၏ အမူအရာက တောက်ပလန်းဆန်းနေသည်ကို မြင်သောအခါ ရွှယ်ကျွင်းလျန်က မေးလိုက်သည်။
" ဟုန်ယန့်ကို ကြည့်ရတာ ဒီနေ့ စိတ်ကြည်နေတဲ့ပုံပဲ... မိန်းမလှလေးသုံးယောက်က မင်းကို ကောင်းကောင်းပြုစုလိုက်တယ်ထင်တယ်..."
မူလက ရွှယ်ဟုန်ယန်၏ ပျော်ရွှင်မှုများမှာ ရွှယ်ကျွင်းလျန်ပြောသည့် မိန်းမလှလေးသုံးယောက်ကြောင့် ချက်ချင်းပျောက်ကွယ်သွားသည်။
" အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျွန်တော့်ကို မကျီစားပါနဲ့... လောလောဆယ် ဟာသလုပ်ချင်နေတဲ့ စိတ်အခြေအနေမျိုးမဟုတ်ဘူး..."
ရွှယ်ကျွင်းလျန်ပြုံးလိုက်သည်။
" မင်း ပျော်နေတာ ကိုယ်တော့်ကြောင့် မဟုတ်ဘူးလား... အဲ့မိန်းကလေးသုံးယောက်ကို ပေးလိုက်တာ မင်းနဲ့ ထန့်ရှန်တို့ ဆက်နွယ်သွားနိုင်ဖို့ တံတားတစ်စင်းဖြစ်သွားတာပဲလေ..."ရွှယ်ဟုန်ယန် ပြုံးတစ်ဝက် ရှက်တစ်ဝက်ဖြစ်သွားသည်။ ၎င်းကို ရွှယ်ကျွင်းလျန်မြင်သည့်အခါ သက်ပြင်းချလိုက်မိသည်။
" ဟုန်ယန် မင်းရဲ့စိတ်ထားက ထန့်ရှန်လောက် မနက်ရှိုင်း မရှုပ်ထွေးဘူးဆိုတာတော့ သတိရပါဦး... ကိုယ်တော် ဘာပြောပြော အသုံးမဝင်ဘူးဆိုတာတော့သိပါတယ် ဒါပေမဲ့ ထန့်ရှန်က မင်းကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံပေးဖို့ပဲ မျှော်လင့်မိတာပါ..."ထိုစကားကြောင့် ရွှယ်ဟုန်ယန် စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည်။ ပါးစပ်ဟ၍ ကျေးဇူးတင်မည်အပြုတွင် သူ့ထက် ရွှယ်ကျွင်းလျန်က ပိုမြန်စွာ ပြောလိုက်သည်။
" ဒါပေမဲ့ နယ်စားမင်းဝမ်နျန်က ဆက်ခံသူ မရှိလို့တော့မရဘူး..."" အရှင်မင်းကြီး..."
ရွှယ်ကျွင်းလျန် လက်ကာပြပြီး သူပြောမည်ကိုတားမြစ်လိုက်သည်။
" ငြင်းလို့မရဘူး... အဲ့ဒါ မင်းရဲ့ ကောင်းကျိုးအတွက်လည်းဟုတ်တယ်... မင်းရဲ့ခံစားချက်ကိုသာ ကိုယ်တော် မထောက်ထားခဲ့ဘူးဆိုရင် ဒီနေ့ ဒီအချိန် မင်းရဲ့အိမ်တော်မှာ ဇနီးတွေ တောင်လိုပုံနေမှာပဲ..."
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...