Chapter 10
သံတမန်အဖွဲ့ကို ကြိုဆိုခြင်း—
ထန့်ယွင် အလွန်ကောင်းမွန်စွာ အိပ်ပျော်ခဲ့သည်။ လွန်ခဲ့တဲ့ရက်တွေက သူ၏အာရုံကြောများတင်းနေခြင်း(အလုပ်များခဲ့ခြင်း)ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့၏။
ထန့်ယွင်အိပ်နေစဥ်တစ်ချိန်လုံး ရွှယ်ကျွင်းလျန်က အချို့သောတရားရေးလျှောက်တင်လွှာတို့ကိုဖတ်ရန်အလို့ငှာ အနွေးခန်းထဲ ပြောင်းရွေ့သွားခဲ့သည်။ ကျန်းယွီကို ပြန်ပို့ပေးဖို့အမိန့်မပေးမှီ ကျူးလု၏ပြန်စာကိုလည်း ရေးခဲ့၏။
သူ ထိုင်ခုံထံပြန်ရောက်သည့်အခါ ဧကရီကအိပ်ပျော်နေဆဲဖြစ်သည်ကို ရွှယ်ကျွင်းလျန် တွေ့လိုက်သည်။ ပြီးနောက် သူက တော်ဝင်သမားတော်အား အခြား အနာသက်သာဆေးတစ်ကရားကို ယွင်ဖုန့်နန်းဆောင်ထံပို့ပေးဖို့ ပြောလိုက်သည်။
ဧကရီကိုမနှိုးဘဲ ရွှယ်ကျွင်းလျန်က အစေခံတစ်ဦးကို ဧကရီထံခြုံပေးဖူးသည့်စောင်အား ရှာခိုင်းလိုက်သည်။ နူးညံ့ပျော့ပြောင်းသည့်ခုံမှာ သက်တောင့်သက်သာဖြစ်တာမှန်သည့်တိုင် တစ်စုံတစ်ဦးက ထိုအပေါ်တွင် တစ်ညလုံးအိပ်လျှင် သေချာပေါက် အအေးမိပေလိမ့်မည်။
ထန့်ယွင်နိုးလာပြီးနောက် နှိုးဆော်သံ(alarm)ကြောင့် သူတကယ်အိမ်မောကျသွားကြောင်း သတိပြုမိသွားသည်။ ဆူညံစွာအိပ်ခဲ့တာပင်။
(ဟောက်တဲ့သဘောထင်ပါတယ်)ကျန်းယွီက သူ့ဘေးတွင်ရှိနေကာ သူ့အားနှိုးရန် စောင့်နေသည်။
"ဧကရီ၊ နိုးပါပြီလား၊ တာ့ဝမ်က မနက်ခင်းညီလာခံတက်ဖို့ စောစောထသွားပါပြီ၊ သူက အရှင်မကိုမှာခဲ့ပါတယ်၊ တာ့ဝမ်နဲ့အတူ မနက်စာစားဖို့အတွက် ပြန်မသွားပါနဲ့ဦးတဲ့"
ထန့်ယွင်ထသည်နှင့် အစေခံမိန်းကလေးအချို့ ဝင်လာပြီး သူ့ကိုသန့်ရှင်းရန်နှင့် အဝတ်အစားလဲရန် ကူညီပေးသည်။ သူအကြာကြီးအိပ်ခဲ့ခြင်းကြောင့် ထန့်ယွင် ခေါင်းမကြည်သေးရာ သူမတို့ကို ပြင်ဆင်ခွင့်ပေးလိုက်လေသည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...