Chapter 98
ယွီချန် မိုင်20အကွာအထိ ဆုတ်ခွာခဲ့ရပြီး တပ်သားတွေကို မြစ်ကမ်းဘေးတစ်လျှောက်မှာ မိုင်100အရှည် စခန်းချကာ ကျန်းဟုန်၏ချီစစ်ကို မြို့ရိုးတည်ဆောက်၍ ခုခံရန် အမိန့်ပေးလိုက်သည်။
သို့ပေမဲ့ ယွီချန့်မေ့နေသည်ကား စခန်းရှည်လျားလေလေ သူတို့ကိုယ်သူတို့ကယ်တင်ရန် ခက်ခဲလေလေဖြစ်မည်ကိုပင်။ သူ့အနေဖြင့် ဤအကြောင်းကိုလည်း တွေးမိသော်ငြား တပ်ရင်းနှင့် စခန်းကြားအကွာအဝေးက ဝေးကွာခြင်းမရှိပါလျှင် ယင်းက ပို၍ပင် ဆိုးကျိုးများသေး၏။ ရန်သူတွေ မီးရှို့လိုက်ပါက မိုင်100သော စခန်းက တစ်ခုပြီးတစ်ခု မီးလောင်သွားမှာဖြစ်သည်။ ကျန်းဟုန်းမှာ မီးမသုံးစရာ အကြောင်းမရှိပေ။ ဤသည်က ရန်သူများ တစ်ခါတည်းနှင့် အပြတ်ရှင်းနိုင်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပေ၏။
လန့်ကျင်းက ယွီချန့်ကို ထိုသို့မလုပ်ရန် အကြံပေးသော်လည်း ယွီချန်က ဒေါသအပြင်းအထန်ထွက်သွားကာ လန့်ကျင်းကို ငယ်ရွယ်ပြီး ကိုယ့်နေရာကိုယ်မသိသည့်အတွက် ဆူပူကြိမ်းမောင်း၏။ သူက ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်ခဲ့ကြောင်းလည်းပြောလိုက်သည်။ သူက မည်သို့များ ကျန်းဟုန်ကိုကြောက်ရပါမည်နည်း။
ယွီချန်က လန့်ကျင်း၏အကြံပေးချက်ကို ငြင်းပယ်ရုံသာမက သူ့ကိုပါ စစ်တပ်၏စိတ်ဓာတ်ရေးရာကို ထိခိုက်စေသည်ဟုဆိုကာ ဖမ်းဆီးပြီးခေါင်းဖြတ် ကွက်မျက်ရန် အမိန့်ပေး၏။ မော်ကွန်းထိန်းအရာရှိကျန်းမော့နှင့် ဗိုလ်ချုပ်များက လန့်ကျင်းသည် ဘုရင်မင်းမြတ်ကိုယ်တော်တိုင် အမိန့်ပေးထားသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ရွှယ်ယွီ၏လူယုံတော်ဖြစ်ကြောင်းပြောကာ အပြင်းအထန် တောင်းပန်ကြသည်။ ယွီချန် သူ့ကိုသာသတ်လိုက်ပါက လူများစွာကို ဆန့်ကျင်မိပေလိမ့်မည်။ ထို့ကြောင့် သူ လန့်ကျင်းကို ဒေါသတကြီး လွှတ်ပေးလိုက်ရ၏။
ဤတိုက်ပွဲက ရှုံးရန်သေချာကြောင်း လန့်ကျင်းသိပါသော်လည်း စိတ်မကောင်းစရာကား ရှုံးနိမ့်သည့် သတင်းများက မြို့တော်ထိပျံ့နှံသွားမည်ဖြစ်ကာ ရွှယ်ဝမ်၏အမျက်က နယ်စားမင်းကျန့်ကျန်းကိုငြိစွန်းစေမှာကိုပင်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...