Chapter 100
ချန်ယီ နောက်ပြန်လှန်လိုက်ချိန်တွင် ထောင့်မှာ သေးသေးလေး ရေးထားသည့် "သွေးပြာ"ဟူသော စာလုံးနှစ်ခုကိုမြင်လိုက်ရသည့်အတွက် စူးစိုက်ကြည့်မိသွားသည်။ အထိမ်းအမှတ်ပြားပေါ်တွင်ရေးထားသည့် ခုနက"သွေးပြာဇရပ်"ကလက်ရေးနှင့် အတိအကျကိုတူညီနေပြီး အသေးမွှားဆုံးခြားနားချက်ပင်မရှိခဲ့။
မတူညီသော စကားလုံးဆိုပါက လက်ရေးကိုကြည့်ရုံနှင့် အတုအပတစ်ခုရှိမည်ဖြစ်ပြီး ထပ်၍ပင် ကူးယူထားပါလျှင် အတိအကျမတူညီနိုင်ပေ။
ထိုအချိန်တွင် ရွှယ်ကျွင်းလျန်က တိုးဖွဖွပြောလာ၏။
"ချန်ယီလက်ထဲကဟာက သွားလေသူဧကရီရဲ့ လက်ရေးလှ"
ချန်ယီ၏လက်က တုန်ယင်သွားပြီး စာအုပ်ငယ်က ကြမ်းပြင်ပေါ်သို့ "ဘုတ်"ခနဲပြုတ်ကျသွားခဲ့သည်။ ဘေးမှာရပ်နေသော ကျန်းယွီက အလျင်အမြန် စာအုပ်ငယ်ကိုကောက်ယူပြီး သန့်ရှင်းအောင် သုတ်လိုက်၏။ ဤဟာလေးက ဧကရီ တန်ဖိုးထားရသည့် လက်ရေးလှဖြစ်ကာ
ယင်းကို ပျက်စီးစေသည့် ပြစ်မှုဟာ မသေးငယ်လှပေ။
ရွှယ်ကျွင်းလျန် မျက်လုံးများ ကျဥ်းမြောင်းကာဖြင့် စားပွဲပေါ်က အထိမ်းအမှတ်ပြားကို စိုက်ကြည့်လိုက်သည်။
"ချန်ယီက အမြဲတမ်း ထက်မြက်ခဲ့တာပါ...ဒီစာလုံးနှစ်လုံးကို ဘယ်လိုထင်လဲ "
"ဒီ...နိမ့်ကျတဲ့ဝန်မင်း....."
ချန်ယီအနေဖြင့် ထန့်တိုင်းပြည်၏အရေးကိစ္စများကို များစွာသိထားသည့်အတွက်ကြောင့်သာ ထန့်ယွင်နှင့် ဧကရီတို့က တစ်ယောက်တည်းဖြစ်ကြောင်း ခန့်မှန်းမိသည်မှာ ကြာပြီဖြစ်၏။ သူက ဖုန့်တိုင်းပြည်မှာလည်း အကြာကြီးနေဖူးသည်။ သဘာဝအတိုင်းပင် အချက်အလက်တွေက ကွဲလွဲနေကြောင်း သူသိပါ၏။ ထို့ကြောင့် သူ အမှန်တရားကို ခန့်မှန်းပြီးနောက် သူ၏ခန့်မှန်းချက်ကို အတည်ပြုရန် ဧကရီဆီသီု့သွားခဲ့ခြင်းဖြစ်ပေသည်။
ဧကရီက ဘာတစ်ခုမှ ဝန်မခံသော်လည်း သူမ နှုတ်ဆိတ်နေခဲ့၏။ ယခု အနှီ"ကိစ္စဟောင်း"များကို ဗြုန်းစားကြီး ရွှယ်ဝမ်ကထုတ်ပြောလာသည်။ ရှန်းယီ အနည်းငယ် စိတ်ထိခိုက်သွား၏။ သူ့ကို တစ်ခုခုပြောခိုင်းပါက အဓိပ္ပါယ်မရှိသော်ငြား ယင်းက အမှန်တရားပင်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...