Chapter 30
ညအိပ်ဖော်ထန့်ချမ်ယီက အခြားအစေခံများကို အခန်းပြင်ထွက်ရန် အမိန့်ပေးလိုက်သည်။ ထိုအခါမှသာ ကျောင်းရွှေက သူမနားကပ်လာပြီး တီးတိုးပြောလိုက်သည်။
" တိုင်းပြည်တစ်ခုကို ဖျက်ဆီးခဲ့တဲ့ အောက်လမ်းပညာရပ်ကို အရှင်မ ကြားဖူးမှာပေါ့ ..."
ကျောင်းရွှေ၏လေသံက ခပ်ဖျော့ဖျော့သာဖြစ်သော်လည်း အန္တရာယ်အငွေ့အသက်များစွာ ပါဝင်နေသဖြင့် ထန်ချမ်ယီသည်ပင် တုန်လှုပ်သွားခဲ့သည်။ ကျောင်းရွှေက ဆက်ပြောလိုက်သည်။
" လူတွေက ဒီလိုကိစ္စမျိုးတွေကို မယုံကြည်ကြတော့တာ တော်တော်ကြာပြီဆိုပေမယ့် တကယ်တော့ အဲ့ဒါတွေက လုပ်ရလွယ်တယ် ... အရှင်မက ယုံကြည်ရတဲ့အစေခံတစ်ယောက်ကို လူပုံစံ ရုပ်သေးရုပ်တွေ အများကြီးလုပ်ခိုင်းပြီး ယွင်ဖုန့်နန်းဆောင်ရဲ့ အနောက်ဘက်ခြံဝန်းအောက်မှာ တိတ်တဆိတ် မြှုပ်ခိုင်းထားလိုက် ... အတွင်းဘက်အခန်းရဲ့ အောက်တည့်တည့်မှာ မြှုပ်ခိုင်းရင်ပိုကောင်းမယ် ... ပြီးတဲ့အခါကျမှ အဲ့အစေခံကို သတ်ခိုင်းလိုက်မယ်ဆိုရင် ဒီကိစ္စကို ဘယ်သူမှ မသိတော့ဘူးပေါ့ ..."
စကားလုံးတစ်လုံးချင်းစီကို ကြားလိုက်ချိန်တိုင်း ထန့်ချမ်ယီ၏မျက်လုံးများ အရောင်တောက်လာပြီး သူမပြောလိုက်သည်။
" တကယ်လို့ အနောက်ဘက်ခြံဝင်းထဲမှာ မြှုပ်မယ်ဆိုရင် ရွှယ်ဝမ်က ဘယ်လိုရှာတွေ့မှာလဲ ..."
ကျောင်းရွှေက ထိုကိစ္စကို ကြိုတင်စဉ်းစားထားဟန်ဖြင့် ပြောလိုက်သည်။
" အဲ့ဒါက လွယ်ပါတယ် အခုနောက်ပိုင်း လေပြင်းတွေတိုက်ပြီး နှင်းတွေလည်းကျနေတာဆိုတော့ ရုပ်သေးကို အပင်တစ်ပင်ရဲ့အောက်မှာမြှုပ်ထားလိုက်မယ် ... လေပြင်းတိုက်လို့ သစ်ပင်တွေလဲကျသွားရင် ယွင်ဖုန့်နန်းဆောင်က လူတွေက လဲသွားတဲ့အပင်ကို အပင်အသစ်နဲ့ အစားထိုးမှာပဲ အဲ့ကျမှ အရုပ်ကို မြင်သွားလိမ့်မယ် ..."
ထန့်ချမ်ယီက ပျော်ရွှင်မြူတူးစွာ ရယ်လိုက်သည်။
" နင်က ဉာဏ်ကောင်းသားပဲ ..."ကျောင်းရွှေက သူမကို မြှောက်ပင့်လိုက်သည်။
" ဒီအစေခံက အရှင်မရဲ့ နောက်လိုက်ပါ ... အရှင်မက ဉာဏ်ကောင်းလို့ ဒီအစေခံကလည်း ဉာဏ်ကောင်းတာပါ ... မဟုတ်ရင် ဒီအစေခံက အရှင်မကို အရှက်ရစေလိမ့်မယ် ..."
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...