Chapter 35
ဘိုးဘေးပူဇော်ကန်တော့ပွဲ အခမ်းအနား (၂)ဧကရီက ပြိုင်ဘက်တစ်ယောက်လျော့သွား၍ ပျော်ရွှင်နေလိမ့်မည်ဖြစ်သော်လည်း သူမက သူ့ရှေ့တွင် တည်တည်ငြိမ်ငြိမ်ဖြင့်သာ နေလိမ့်မည်ဟု ရွှယ်ကျွင်းလျန်ထင်လိုက်မိသည်။ သို့ရာတွင် ဧကရီ၏ ဖြူဖျော့နေသောမျက်နှာကို မြင်လိုက်ရသည့်အခါ အကြောင်းရင်းကို သဘောမပေါက်နိုင်တော့ပေ။
ကျောင်းရွှေ၏ ငိုယိုနေသံမှလွဲ၍ မည်သူမျှစကားပြောမနေကြပဲ တိတ်ဆိတ်နေသည်။ ဤကိစ္စကို မည်သို့ဖြေရှင်းမည်ကို မသိနိုင်တော့၍ ကျန်းယွီက စတင်ပူပန်လာမိသည်။ ထို့နောက် သတ္တိမွေးကာ ပြောလိုက်သည်။
" တာ့ဝမ် အချိန်ကျပါပြီ ... အရင်ဆုံးသွားလိုက်တာ ကောင်းမယ်ထင်ပါတယ် ..."
ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြလိုက်သည်။
" ကျန်းယွီပြောတာဟုတ်တယ် ... ထန့်ချမ်ယီက အချိန်တစ်ခုအထိ ဘယ်မှသွားခွင့်မရှိတော့ဘူး ... မင်းကိစ္စကို ကိုယ်တော်နောက်မှရှင်းမယ်... ကျောင်းရွှေကတော့ ... မင်း စောစောစီးစီးဝန်ခံလိုက်တာကောင်းပါတယ် ... မင်းကို လောလောဆယ် ဘယ်သူ့ဆီမှာ ခစားခိုင်းရမှန်းမသိသေးတော့ အခုကစပြီး ကိုယ်တော့်ကိုပဲ ခစားတော့ ..."
ကျောင်းရွှေက မျက်လုံးများပြူးကျယ်ပြီး အသက်ပြင်းပြင်း ရှုလိုက်မိသည်။ ထို့နောက် သနားစဖွယ်ပုံစံနှင့် မျက်ရည်များကျလာကာ ကြမ်းပြင်နှင့်ခေါင်းကိုထိသည်အထိ ဦးညွတ်ပြီး ရွှယ်ဝမ်ကို ကျေးဇူးတင်လိုက်သည်။
ခရီးစဉ်က နှောင့်နှေး၍ မရတော့ပေ။ နယ်စားမင်းကျန့်ကျန်း(ရွှယ်ယွီ) က နန်းတော်တွင်းရောက်နေပြီး ရွှယ်ဝမ်နှင့် ဧကရီကို စောင့်ဆိုင်းနေသည်။
ရှို့ယောင်က ဧကရီကိုထူပေးလျက် ပြောလိုက်သည်။
" အရှင်မ ဘာများဖြစ်လို့လဲ နေထိုင်မကောင်းဖြစ်နေတာများလား ..."
ထန့်ယွင် ခေါင်းခါပြလိုက်သည်။ ရထားလုံးပေါ် တက်ရန်ပြင်နေသည့် ရွှယ်ကျွင်းလျန်က ရှို့ယောင်၏မေးခွန်းကို ကြားလိုက်သည်။ အစေခံတစ်ယောက်က လိုက်ကာစကို လှပ်ပေးထားသော်လည်း ရွှယ်ကျွင်းလျန်က မဝင်သေးပဲ တစ်ဖက်သို့လှည့်လိုက်သည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...