Chapter 52
ရွှယ်ကျွင်းလျန်က ထိုသို့ပြောမည်ဟု မထင်လိုက်၍ ထန့်ယွင် မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။ သို့ရာတွင် ရွှယ်ကျွင်းလျန်က သူ့ကို တမင်တကာ စနောက်နေကြောင်းသိသည်။
ဧကရီ ကြောင်အအဖြစ်သွားပြီးနောက် အောင်နိုင်သူအပြောဖြင့် သူ့ကိုပြောလာသည်ကို ရွှယ်ကျွင်းလျန် စောင့်ကြည့်နေသည်။
" တာ့ဝမ့်က တောပုန်းဓားပြတွေကို အမှုမထမ်းစေချင်ဘူးဆိုရင်တော့ စစ်သားတွေလွှတ်ပြီး တားမြစ်တာတစ်ခုပဲ လုပ်လို့ရပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးမကို မေးမယ်ဆိုရင်တော့ အဲ့ဒီမြို့ဆင်ခြေဖုံးကို စစ်သည်ရှစ်သောင်းကနေ တစ်သိန်းအတွင်း စေလွှတ်မှ ဓားပြတွေကိုဖမ်းမိပြီး ကိုယ်လုပ်တော်ရွေးပွဲကို မိန်းမပျိုလေးတွေ ပါဝင်ဖို့ သေချာမှာပါ..."
ထိုစကားကိုကြားသည့်အခါ ရွှယ်ကျွင်းလျန် အသံကျယ်ကျယ်ဖြင့် မရယ်ပဲ မနေနိုင်တော့ပေ။ ဘေးနားတွင်ရပ်နေသည့် ကျန်းယွီပင် ရယ်နေသည်။
ရွှယ်ကျွင်းလျန် လည်ချောင်းရှင်းလိုက်ပြီး ခပ်တည်တည်ပြန်နေလိုက်သည်။
" ကျန်းယွီ မောင်မင်းဘာရယ်တာလဲ..."ကျန်းယွီ ပြန်ဖြေလိုက်သည်။
" တာ့ဝမ်... အရှင်မက အရည်အချင်းရှိပြီး ကိုယ်ကျင့်သိက္ခာကောင်းမွန်လွန်းလို့တဲ့အပြင် တခြားသူတွေကို ကျော်လွန်နိုင်တဲ့ ဉာဏ်ပညာရှိလို့ ဒီအစေခံအိုကြီးရယ်မိတာပါ…"
ကျန်းယွီ၏ မြှောက်ပင့်သောစကားကြောင့် ရွှယ်ကျွင်းလျန် ကျေနပ်သွားသည်။ ဧကရီ့ဘက်သို့ပြန်လှည့်ကာ ပြောလိုက်သည်။
" စစ်သည် ရှစ်သောင်းကနေ တစ်သိန်းကိုလွှတ်တာ နည်းနည်းများတယ်လို့တော့ ထင်ရပေမယ့် ပြဿနာတော့ မဟုတ်ပါဘူး... ကိုယ်တော် မင်းရဲ့တောင်းဆိုချက်ကို နားထောင်ဦးမယ်..."
ထန့်ယွင် ခဏတာစဉ်းစားပြီးမှ ပြောလိုက်သည်။
" သူတို့သုံးယောက်ကို စစ်သူကြီးရာထူးခန့်ပြီးရင် ကျွန်တော်မျိုးမကို ပေးလို့ရနိုင်မလား..."" အိုး... အိုက်ဖေးက စစ်တိုက်ဖို့ ပြင်နေတာလား... အခုတည်းက စစ်အင်အားတွေ စုနေပြီပေါ့လေ..."
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...