Chapter 11
ဒေါသတကြီး
—ရွေ့ရွှယ် ဖုန့်မင်၏နေအိမ်မှ အလျင်စလိုထွက်လာပြီး နံနက်ခင်းညီလာခံမှ ပြန်လာသော ကျူးလုထံသို့ အပြေးသွားခဲ့သည်။
ရွေ့ရွှယ်က ကျူးလုကို နှုတ်ဆက်ပြီး ဆိုလိုက်သည်။
"သခင် တာ့ဝမ်က သခင့်ကို သတိရနေတယ်၊ သူ့ကို တွေ့ဖို့မသွားဘူးလား''
ကျူးလုက စိတ်ရှုပ်စွာဖြင့် မျက်မှောင်ကျုံ့လိုက်သည်။၊ သို့သော် ရွေ့ရွှယ်က မည်သူမှသတိမထားမိမှီ သူ့လက်ထဲသို့ ပါးလွှာသောစာရွက်ခေါက်လေး ထိုးထည့်ပေးလာသည်ကို တွေ့လိုက်ရသောအခါ လျင်မြန်စွာပင် ပြေလျော့သွားခဲ့သည်။
ကျူးလုကဆိုသည်။
"မင်းငါ့ကို ဒီလိုအသေးအမွှားကိစ္စလေးအကြောင်း လာပြောနေမယ့်အစား သူ့ဆီသွားလည်သင့်တယ်၊ တာ့ဝမ်ကိုပြောလိုက်ပါ၊ ငါသူ့ကိုတွေ့ချင်ပေမယ့် အရမ်းအလုပ်ရှုပ်နေတယ်လို့"
ရွေ့ရွှယ်က တစ်ခုခုထပ်ပြောချင်နေပုံပေါ်နေသော်လည်း ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။
ကျူးလုကပြော၏။
"ဒါကဘာလဲ"
ရွေ့ရွှယ်က...
“သခင်… ၊ဒီအကြောင်းပြောဖို့ ကျွန်မမှာအရည်အချင်းမရှိတာကိုသိပါတယ်၊ တာ့ဝမ်.. သူ့ဆီကို သခင်နောက်ဆုံးသွားခဲ့တာ တစ်လခွဲရှိနေပါပြီ၊ အဲဒီ့အချိန်ကစပြီး တာ့ဝမ်က သူ့အိပ်ရာထဲက မထဘဲ တော်ဝင်သမားတော်ခေါ်ဖို့တောင် ငြင်းဆန်နေခဲ့ပါတယ်''
ကျူးလုကနှာမှုတ်လိုက်ကာဖြင့်...
"ဒါကို ပြောဖို့ အရည်အချင်းမရှိဘူးလို့ မင်းပြောတာမဟုတ်ဘူးလား၊ ပြောစရာမရှိတော့ရင် သွားတော့''
“ဟုတ်ကဲ့…”
ရွေ့ရွယ် နှုတ်ခမ်းကိုကိုကာ ဆိုလိုက်သည်။
“နားလည်ပါပြီ”
အမတ်မင်းကျူးလု ထွက်ခွာသွားသည်ကိုကြည့်ကာ ရွေ့ရွှယ်က ခဏတာတုံ့ဆိုင်းသွားပြီး တော်ဝင်ဆေးကုသဆောင်ဘက်သို့ လှည့်သွားခဲ့သည်။ သူမက ရောင်ရမ်းခြင်းနှင့် သွေးထွက်ခြင်းတို့အတွက် လိမ်းဆေးအဆီတစ်ချို့ကို တောင်းပြီးနောက် ဖုန့်ဝမ်၏နေရာသို့ ပြန်သွားခဲ့သည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...