Chapter 105
ဖုန့်တိုင်းပြည်က သံတမန်တွေတစ်ယောက်ပြီးတစ်ယောက် စေလွတ်နေပြီး သူတို့အားလုံးဟာ ငြိမ်းချမ်းရေးကမ်းလှမ်းရန်အတွက် ရောက်လာကြခြင်းဖြစ်၏။ ဤတစ်ကြိမ်တော့ ရွှယ်ကျွင်းလျန် စိတ်မရှည်တော့သည်ဖြစ်ရာ ဖုန့်တိုင်းပြည်က သံတမန်နောက်ထပ်တစ်ယောက် ရွှယ်တိုင်းပြည်ထဲ ခြေလှမ်းချသည်နှင့် သူတို့လက်တွေခြေတွေကို သေချာပေါက် ဖြတ်ပစ်မည်ဟုမိန့်လိုက်တော့သည်။
ယနေ့တွင် တခြားသံတမန်တစ်ယောက်ရောက်လာ၏။ ရွှယ်ကျွင်းလျန် သရော်လိုက်ပြီး တစ်ယောက်ယောက်ကိုသူ့အား ဖမ်းဆီးပြီး ခြေတွေလက်တွေဖြတ်ပစ်ရန် အမိန့်ပေးလိုက်၏။ သံတမန်က ရွှယ်ဝမ်သာ သူကို ဖြတ်ပစ်ပါက သေချာပေါက် ကိုယ့်ကိုကိုယ်(ရွှယ်) အပြစ်တင်တင်မိလိမ့်မည်ဟုဆိုလေသည်။
ရွှယ်ကျွင်းလျန် တစ်စုံတစ်ယောက်အား သံတမန်ကို ခေါ်လာခိုင်းလိုက်၏။ ချွေးစေများပြန်သည်အထိ ထိတ်လန့်နေသောသံတမန်က တုန်တုန်ရီရီဖြင့် ရွှယ်ဝမ်ဆီ အမှာစကားကို ဆက်သလာသည်။
ရွှယ်ကျွင်းလျန် သိပ်ပြီးစိတ်မဝင်စားပေ။ သူက ၎င်းကို တစ်ချက်သာကြည့်လိုက်ပြီး နောက် ရုတ်ချည်း ထရပ်ပြီး စားပွဲဘေးက မှင်တံဘူးကို တဒေါက်ဒေါက် ခေါက်၏။
အခစားဝင်သူများအနေဖြင့် ရွှယ်ဝမ် အဘယ်ကြောင့် ဒေါသပြေသွားသည်ကို မသိကြသော်လည်း ရွှယ်ဝမ်က သံတမန်ဆီကို လျှောက်သွားကာ စိုက်ကြည့်ပြီး အေးစက်စက် အသံနှင့် မေးလေသည်။
"နယ်စားမင်းထန့်နန်အသက်ရှင်နေသေးတယ်ဆိုတာ အမှန်ပဲလား"
သံတမန်က လျှောက်တင်၏။
"အမှန်ပါပဲ... ဒီတိုင်းတပါးဝန်မင်းက ရွှယ်ဝမ့်ကို လှည့်စားဝံ့မှာမဟုတ်ပါဘူး"
ရွှယ်ကျွင်းလျန် သူ့နှလုံးသားထဲက ပျော်ရွှင်မှုကို မဖိနှိပ်ထားနိုင်တော့ပေ။ ထိုနေရာမှာ အလောင်းက ရှာမတွေ့ပါလျှင် ခပ်ရေးရေး မျှော်လင့်ချက်လေးရှိသေးသည်ဟု သူတစ်ခါတွေးခဲ့ဖူးသည်။ သို့ပေမဲ့ အနှီမျှော်လင့်ချက်က ပါးလျှလွန်းလှ၏။ စစ်မြေပြင်မှာ ကျဆုံးကြသည့် တပ်သားတွေအများကြီးရှိကာ သူတို့၏အလောင်းများရှာမတွေ့ကြသော်လည်း သူတို့ဟာ ဘယ်သောအခါမှ ပြန်မလာကြတော့ပေ။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...