"အကျည်းတန် ဧကရီ"

1.2K 84 1
                                    

Chapter 145

ဘေးမှာရပ်နေသော ထန့်ရှင်းက သူ့နာမည်ခေါ်သံကြား၍ ခြေတစ်ဝက်လှမ်းလိုက်ပြီး ဖြေလိုက်သည်။

" အမိန့်တော် အတိုင်းပါ အရှင်မင်းကြီး.... ဆွေးနွှေးပွဲပြီးရင် အမိန့်အတိုင်းဆောင်ရွက်ပါ့မယ်...."

ရွှယ်ကျွင်းလျန် ခဏရပ်သွားပြီး လန့်ကျင်းကို ပြောလိုက်သည်။

" လန့်ကျင်း အမှန်အတိုင်းပြောရရင် ငါကိုယ်တော် က မင်း ဖုန့်နိုင်ငံမှာနေခဲ့မှာကို စိတ်မချဘူး.... ဒါပေမဲ့ ငါကိုယ်တော်က မင်းကို ဒီမှာ မထားခဲ့ရင် ကျန့်ကျန်းအမတ်မင်းက သဘောတူလိမ့်မယ် မထင်ဘူး.... သူက စိတ်မရှည်တဲ့ လူမျိုးပဲ....အဲဒါကြောင့် ငါ မင်းကို ထားခဲ့မယ်....သူ ချသမျှ ဆုံးဖြတ်ချက်တိုင်းမှာ မင်းသူ့ကို ဖျောင်းဖျပြီး ဘေးကနေ အကြံပေးပေးရမယ်…. သုံ့ပန်းတွေကို သတ်လို့မရဘူး.... မင်း သူတို့ကို ဘယ်နည်းနဲ့ သိမ်းသွင်း သိမ်းသွင်း နောက်ဆုံး သူတို့ အညံ့ခံလာရမယ်...."

" အရှင်မင်းကြီး အမိန့်တော်အတိုင်း တသွေမတိမ်း လုပ်ဆောင်သွားပါ့မယ်...."

ရက်အနည်းငယ်အကြာတွင် ရွှယ်ကျွင်းလျန်၏ စစ်တပ်က ရွှယ်နိုင်ငံဆီသို့ စတင်ထွက်ခွာလာခဲ့ည်။

မြို့တော်မှ တိုင်းခန်းလှည့်လည်ရန် ထွက်လာစဉ်က အလျင်စလို ထွက်လာခဲ့သော်လည်း အခု အပြန်မှာတော့ နားနားနေနေ ခရီးဆက်ခဲ့သည်။ အထူးသဖြင့် ထန့်ယွင် ပါလာသည့်တွက်ပင်။

ရွှယ်ကျွင်းလျန်က ရထားလုံးကြီးထဲမှာ တစ်ကိုယ်တည်း ထိုင်သည်။ ရထားလုံးက နေရာကျယ်ပြီး အမွှေးတိုင် ထွန်းခွက်နဲ့ ဗီရို အသေးတစ်လုံးက တဖက်တချက်ဆီမှာ ရှိနေကြသည်။ သူ့အရှေ့မှာ စားပွဲသေးတစ်လုံးနှသ့် နဂါး ထိုင်ခုံကြီး တစ်ခုံ ရှိပြီး ထိုင်ခုံပေါ်၌ စောင်တစ်ထည် ဖြန့်ထားလျက်ရှိသည်။ ထိုင်ဖုံ အချို့ကိုလည်း ကြမ်းပြင်၌ ဖြန့်ထားသည်။

ဖုန့်နိုင်ငံမှအပြန်ခရီးတွင် မိုးဖွားလေး စကျလာသည်။ ရွှယ်ကျွင်းလျန် ရထားလုံး ခန်းစီးကို ဖွင့်ကြည့်လိုက်သောအခါတွင် ထန့်ယွင်က မိုးထဲမှာ မိုးကာမဝတ်ဘဲ နေနေသည်ကို တွေ့သွားသည်။ ကြည့်ရသည်မှာ မိုး သိပ်မသည်းလို့ မဝတ်တာ ထင်သည်။ သို့သော် သူ့အဝတ်များကတော့ စိုသွားလေပြီ။

"အကျည်းတန် ဧကရီ"Where stories live. Discover now