"အကျည်းတန် ဧကရီ"

1.6K 150 4
                                    

Chapter 44
မဟာဗျူဟာ (၁)

ကျောက်လုက ဖုန့်မင်ကို ကြည့်ရုံသာကြည့်နေပြီဘာမှမပြောပေ။ မူလက ဖုန့်မင် သူ့ကိုပြန်ကြည့်ရန် ရည်ရွယ်လိုက်သော်လည်း အကြည့်လွှဲလိုက်သည်။ သူ့ရင်ထဲတွင် ဤလူကို အပြည့်အဝ လက်မလွှတ်နိုင်သေးပေ။ ကျောက်လုကိုကြာကြာကြည့်မိပါက လက်လျှော့ပေးလိုက်ရမည်ကို ဖုန့်မင်ကြောက်နေမိသည်။

ကျောက်လုက ရယ်ရုံသာရယ်လိုက်ပြီး ပြန်ထွက်သွားရန် ပြင်လိုက်သည်။

ထိုအခါမှသာ ဖုန့်မင်က ဖြည်းညင်းစွာပြောလိုက်သည်။

" နယ်စားမင်း နေပါဦး..."

" အရှင့်မှာ အမိန့်ပေးစရာများ ကျန်နေသေးလို့လား..."
ကျောက်လုက လှည့်ပင်မကြည့်ပဲပြောလိုက်သည်။

ဖုန့်မင်က ကျောက်လု၏ကျောပြင်ကိုငေးကြည့်နေသည်။ သူ နောက်ဆုံးတွင် သက်ပြင်းချပြီး ပြောလိုက်သည်။
" ကိုယ်တော် မင်မြစ်ကို တစ်လလောက်သွားလည်ဖို့ တွေးထားတယ်..."

" မင်မြစ်..."

ကျောက်လုက အတွေးထဲ နစ်မျောသွားပုံရသည်။ ထိုနေရာက သူတို့နှစ်ယောက် ပထမဦးဆုံးအကြိမ် တွေ့ခဲ့သည့်နေရာဖြစ်သော်လည်း ဖုန့်မင်ကမူ မသိလောက်ပေ။ ထိုနှစ်က သူ မင်မြစ်ကို အလည်သွားစဉ်က ဖုန့်မင်နှင့် တွေ့ခဲ့သည်။ ထိုအချိန်က ကျောက်လုမှာလူငယ်လေးဖြစ်ပြီး သူ၏မိသားစုနှင့် ဆွေမျိုးသားချင်းများလည်း အသက်ရှင်လျက်ရှိနေသေးသည်

ဖုန့်မင်ပြောလိုက်သည်။
" ဒီနေ့ ညီလာခံမှာ ကိစ္စတစ်ခုကို လျှောက်တင်ခဲ့တယ်...  မင်မြစ်က ရေကာတာက ကျိုးပျက်သွားတာ နှစ်ပေါင်းများစွာကြပြီမို့ ဒုက္ခသည်တွေရဲ့အခြေအနေက ပြဿနာဖြစ်နေတယ်... ကိုယ်တော် အဲ့နေရာကို ကိုယ်တိုင်သွားကြည့်ချင်လို့ နန်းမြို့တော်က ကိစ္စတွေကို မင်းကိုလက်လွှဲခဲ့မယ်..."

ကျောက်လု ခဏရပ်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။
" ပေးအပ်တဲ့တာဝန်ကိုကျေပွန်အောင် ကျွန်တော်မျိုး အကောင်းဆုံးထမ်းဆောင်ပါ့မယ်..."

ထို့နောက် အခန်းထဲမှ ထွက်သွားသည်။

လွေ့ရွှယ်က ဖုန့်ဝမ်နန်းဆောင်၏ အပြင်ဘက်တွင်ရပ်နေသည်။ အရှင်နယ်စားမင်းက ဖုန့်ဝမ်နှင့် ပြန်တွေ့ပြီးသည့်နောက် ပြန်လည်သင့်မြတ်သွားရန် သူမ မျှော်လင့်ခဲ့မိသည်။ သို့ရာတွင် ကျောက်လုက အေးစက်စက် အမူအယာဖြင့် ပြန်ထွက်လာသည်ကို သူမ မြင်လိုက်ရသည်။

"အကျည်းတန် ဧကရီ"Where stories live. Discover now