Chapter 81
ဝန်မင်းကျိုးလု ဖုန့်ဝမ်ကို သစ္စာဖောက်သွားပြီးနောက် ဖုန့်ဝမ်ဝမ်းနည်းကြေကွဲနေစဥ်အတွင်းတွင် သူဟာ ဖုန့်ဝမ်၏အနားမှာရှိနေခဲ့ပြီး ဘုရင်မင်းမြတ်၏ အနီးကပ်လက်ထောက်ဖြစ်လာခဲ့သည်ဟု သူတို့ကပြောကြသည်။ တချို့ကတော့ လုရှစ်ချန်သည် ဘုရင်မင်းမြတ်၏ ကျေးဇူးတရားနှင့် ကြင်နာမှုကို ပြန်လည်ပေးဆပ်နေသည့် ဂုဏ်ထူးဆောင်ဝန်ကြီးတစ်ဦးဟုဆိုကြ၏။
ထန့်ယွင် လုရှစ်ချန်ကို လက်လှမ်းကာ ကူမပြီး ပြောလိုက်သည်။
"ဝန်မင်းလု...ထိုင်ပါ"ထန့်ယင်က ကြင်ကြင်နာနာဆိုသည်ကိုတွေ့လျှင် လုရှစ်ချန်စိတ်သက်သာရာရသွားပြီး ချက်ချင်း စိတ်ပူပန်မှုများ လျော့ပါးသွားကာ ထိုင်လိုက်၏။
ထန့်ယွင်က သူအတော်ကို ဆာလောင်နေမှန်းသိသဖြင့် သူ့ကို သူ့ဘာသာ ဆက်ပြီးစားသောက်ဖို့ပြောလာသည်။ ထိုအချိန်တွင် လုရှစ်ချန်အနေဖြင့် အစားအသောက်ကိုသာ အာရုံဝင်သည့်အတွက် တူများကိုကောက်ကိုင်ပြီး ဆက်စားလေ၏။ထန့်ယွင် သူ့ကိုလက်ဖက်ရည်တစ်ခွက်ငှဲ့ပေးပြီး ဆိုလိုက်သည်။
"ဝန်ကြီးလု...ဖြည်းဖြည်းစားပါ...နင်နေပါဦးမယ်"လုရှစ်ချန် တစ်ဖက်လူက ဘာလို့ သူဘယ်သူမှန်းသိနေသလဲဆိုသည်ကို ဂရုမစိုက်ပါချေ။သူက ဆက်စားနေပြီး ခဏအကြာတွင် အမှုမဲ့အမှတ်မဲ့မေးလိုက်၏။
"အကျွန်ုပ်ရဲ့လေးစားအပ်တဲ့ ကျေးဇူးရှင်ကို အရဲစွန့်ပြီးမေးပါရစေ...အခုက ဘယ်ကိုရောက်နေပါသလဲ"ထန့်ယွင်က ပြုံးကာဆိုသည်။
"ရွှယ်တိုင်းပြည်""အလို....."
လုရှစ်ချန် ကြ က်သေသေသွားပြီး ခဏမျှ ဘာမှပြန်မတုန့်ပြန်နိုင်အောင်ဖြစ်သွား၏။
ခေါင်းအရိုက်ခံထားရသောကြောင့် သို့မဟုတ် ဆာလောင်မှုကြောင့် သူ့ခေါင်းက ဇဝေဇဝါဖြစ်နေသလား မသိပါလေ။ သူ့ဘာသူ ပြန်ဖြေပြီးဟင်းပွဲများစွာကို ပါးစပ်ထဲထိုးသိပ်ထည့်လိုက်သည်။ ထို့နောက် အသိပြန်ဝင်လာသောအခါ ပါးစပ်ထဲက အစားအသောက်တွေ အကုန်လုံးချက်ချင်း ထွေးထုတ်မိသွားပြီး အံဩတကြီးမေးလိုက်၏။
"ရွယ်...ရွှယ်တိုင်းပြည်"
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...