Chapter 67 (V1 end)
ကံတော်ကုန်ခြင်းနောက်တစ်နေ့မနက်တွင် ရွှယ်ယွီက လူလွှတ်ပြီး သတင်းများ စုံစမ်းခိုင်းလိုက်သည်။ နယ်စားမင်းဝမ်နျန်က အဆိပ်မြှားဖြင့် ပစ်ခံရသည့်အပြင် အဆိပ်က သွေးလှည့်ပတ်မှုကိုပါ သက်ရောက်သွားစေကြောင်း သူလျှိုများမှတစ်ဆင့် သတင်းကြားသိရသည်။ သူ့ကို ကုသပေးရန်အတွက် နန်းတွင်းသမားတော်ကို ချက်ချင်းဆင့်ခေါ်ခဲ့သော်လည်း အဆိပ်က သူ့နှလုံးထဲတွင် ပျံ့နှံ့နေပြီဖြစ်၍ ကုသရန် မဖြစ်နိုင်တော့ပေ။
နယ်စားမင်းကျန့်ကျန်းစောင့်ဆိုင်းနေသည်မှာ ထိုကဲ့သို့သော သတင်းမျိုးပင်ဖြစ်သည်။ သို့ရာတွင် လန့်ကျင်း၏စာထဲမှ စကားများကြောင့် တွန့်ဆုတ်နေမိဆဲဖြစ်၍ လူတချို့ကိုစေလွှတ်ပြီး သေချာစုံစမ်းခိုင်းထားသည်။ နန်းမြို့တော်မှ လူအားလုံးမှာ ထိတ်လန့်နေကြကြောင်း သူလွှတ်လိုက်သည့် သူလျှိုများအားလုံးက သတင်းပြန်ပို့ကြသည်။ ရွှယ်ဝမ်နှင့် နယ်စားမင်းဝန်နျန်တို့ မရှိပါက ညီလာခံခန်းမဆောင်ကို ဦးဆောင်မည်သူ့မရှိတော့သည့်အပြင် အမတ်များအကြား၌လည်း စိတ်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာသည်။
ထိုအကြောင်းများကို ကြားသည့်အခါ ရွှယ်ယွီက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်ထားနိုင်တော့ပေ။ သူ့စစ်သားအားလုံးကို နန်းမြို့တော်ထဲသို့ ချက်ချင်းဝင်ရောက်ရန် အမိန့်ပေးလိုက်သည်။ မည်သူကအနိုင်ရရှိပြီး မည်သူက ရှုံးနိမ့်သွားသည်ကို လန့်ကျင်းအား ပြသနိုင်တော့မည်ဖြစ်သည်။
နယ်စားမင်းကျန့်ကျန်းက သူ၏လက်ရွေးစင်တပ်သားများကို ကိုယ်တိုင်ဦးဆောင်သည်။ ဤတစ်ကြိမ်တွင်မူ သူတို့ကိုယ်သူတို့ ခရီးသွားများကဲ့သို့ ရုပ်ဖျက်ရန် မလိုအပ်တော့ပဲ နန်းမြို့တော်အနားသို့ ချဉ်းကပ်လာကြသည်။ ရွှယ်ယွီကို အစောပိုင်းက ဆက်သွယ်ထားသည့်လက်ထောက်က ဂိတ်တံခါးကိုဖွင့်ပေးပြီး ကတိပေးထားသည့်အတိုင်း ဝင်လာခိုင်းလိုက်သည်။
သို့ရာတွင် ဂိတ်တံခါးဝကိုကျော်ဖြတ်ပြီး ဝင်ရောက်လာသည်နှင့် တစ်စုံတစ်ရာမှားယွင်းနေကြောင်း ရွှယ်ယွီခံစားလိုက်မိသည်။ နန်းမြို့တော်အတွင်းတွင် အဓိကရုဏ်းဖြစ်ပါက ဤမျှ တိတ်ဆိတ်မနေသင့်ပေ။ လမ်းမပေါ်တွင်ပင် လူတစ်ယောက်မှ မရှိပေ။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...