Chapter 124
လန့်ကျင်းကပြောလိုက်သည်။
"လုရှစ်ချန်က စာပေပညာရှင်တစ်ယောက်ပါ... စာပေပညာရှင်တွေမှာ အားနည်းချက်ရှိတယ်ဆိုတာ သဘာဝပါပဲ... ဥပမာအားဖြင့် သူတို့က လက်နက်ကောက်ကိုင်ပြီး မတိုက်ခိုက်နိုင်ကြသလို အမျိုးသမီးများနဲ့ ကလေးတွေအပေါ် စာနာထောက်ထားကြပါတယ်.. လုရှစ်ချန်က မတိုက်ခိုက်နိုင်သလို တိုက်လည်းမတိုက်ခိုက်ချင်ပါဘူး... တကယ်လို့တိုက်ခိုက်ဖြစ်ရင်တောင် သူက အထိအခိုက်အနည်းဆုံးနည်းကိုသုံးမှာပါ... တစ်ခါတစ်လေ စစ်ပွဲထဲမှာ နှစ်ဖက်စလုံးအတွက် အကောင်းဆုံးနည်းလမ်းဆိုတာမရှိတတ်ပါဘူး..."
ရွှယ်ကျွင်းလျန် ခေါင်းအသာငြိမ့်လိုက်သည်။
"အမှန်ပဲ... မင်းသာ ထိုင်နေပြီး ကမ္ဘာကြီးကိုလုံခြုံငြိမ်းချမ်းစေချင်ရင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကိုထောက်ထားညှာတာပေးလို့ရမှာလဲ... တစ်ခါတစ်လေမှာ ခဏတာလေးထောက်ထားညှာတာမိတာလေးကတင် စစ်သားအများအပြားကို အသက်ဆုံးရှုံးစေတယ်...."
လန့်ကျင်းပြောလိုက်သည်။
"သူဘယ်လောက်ပဲ နာမည်ကျော်ကြားနေပါစေ ဖုန့် တိုင်းပြည်ကိုဘယ်သူအုပ်ချုပ်နေပါစေ လုရှစ်ချန်က သေချာပေါက် အပြစ်မကင်းသလိုခံစားရမှာပဲ... အချိန်ရောက်လာရင် သူသေချာပေါက် တောင့်ခံနိုင်မှာမဟုတ်ဘူး... စစ်ပွဲထဲမှာဆိုရင် သူသာအကောင်းဆုံးမကြိုးစားရင် သေချာပေါက်ကျရှုံးမှာပဲ...."
ရွှယ်ကျွင်းလျန်ရယ်မောလိုက်သည်။
"လုရှစ်ချန်ကို အရမ်းဉာဏ်ကောင်းတယ်လို့ပြောကြပေမဲ့... ငါကိုယ်တော်ကတော့ မောင်မင်းကိုပိုပြီး သဘောကျမိတယ်..."
လန့်ကျင်းခဏမျှ ငြိမ်ကျသွားပြီးမှပြောလိုက်သည်။
"ဒီငယ်သား အရှင်မင်းကြီးရဲ့ကြင်နာမှုကိုကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးက အခြားလူတွေလောက်မတော်မှန်း ကိုယ့်ကိုယ်ကိုယ်သိနေပါတယ်... ကျွန်တော်မျိုးက ကိုယ့်ရန်သူအကြောင်းကိုသိနေရုံပါ.. ပြီးတော့ ဘုရင်ဖုန့် က လုရှစ်ချန်ကိုရထားပေမဲ့ တစ်ဖက်လူကို ဘယ်လိုရည်မှန်းချက်ပိုကြီးလာအောင်လုပ်ပေးရမလဲမသိပါဘူး... အရှင်မင်းကြီးကတော့ နယ်စားမင်းထန့်နန်ကိုရထားပြီး ကျင့်ဝတ်ထုံးတမ်းတွေကိုတွယ်ကပ်မနေခဲ့ပါဘူး... ဒါကမှ အစစ်အမှန်ဉာဏ်ကောင်းမှုပါ..."
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...