Chapter 76
ထန့်ယွင်အတွက်တော့ ရွှယ်ကျွင်းလျန်က သူ့ခေါင်းကိုဖြတ်ခြင်းမှ လွတ်မြောက်ရန် အခွင့်မရှိခြင်းမှာ ပို၍သေချာသည်။
ထို့အပြင် နန်းမြို့တော်တွင် ထန့်နန်နယ်စားနှင့်ထန့်ရှန် ရှိနေသေး၏။ ထန့်ယွင်အနေဖြင့် ထန့်နန်နယ်စားကို ဒေါသထွက်လွန်းသဖြင့် လျစ်လျူရှုနိုင်သည့်တိုင် ထန့်ရှန်နှင့်တော့ အဆက်အသွယ် မဖြတ်နိုင်ပေ။
ကျောက်ထုံက ထန့်ယွင်ကို ပြုံးပြပြီးပြောလာသည်။
"မင်း ယွင်ဖုန့်နန်းဆောင်တစ်ခုလုံးကို ပြာကျသည်အထိ မီးရှို့လိုက်တယ်လို့ ကြားတယ်၊ ဖုန့်ပြည်ကို မုန်းနေလို့လား၊ မဟုတ်ရင် ဘာလို့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကိုကျူးလွန်ပြီး ကိုယ့်အသက်ကို စတေးမှာလဲ"ထန့်ယွင်က မဖြေပါချေ။
ကျောက်ထုံကရယ်လိုက်ပြီး
"မင်းမျက်နှာမှာ အမာရွတ်တွေအများကြီးပဲ၊ အဲဒါတွေကို တိုက်ပွဲမှာ ရခဲ့တာလား"
ထန့်ယွင်က ပြုံးကာဆိုလိုက်သည်။
"မင်းကျွန်တော့်ကို နှိမ့်ချပြီး မထီမဲ့မြင်ပြုနေတာ သိပါတယ်၊ ဒါပေမယ့် ဘာလို့ဒီလောက်တောင် မေးနေရတာလဲ၊ လူတွေကို စကားလုံးတွေသုံးပြီး လှောင်တာမျိုးက လူကြီးလူကောင်းတွေ လုပ်တဲ့အကျင့်လို့ မထင်ခဲ့မိဘူး"ကျောက်ထုံမှာ သူ့ကိုယ်သူ ဂုဏ်ယူပြီးမောက်မာသူဖြစ်၏။ သဘာဝကျကျပင် သူ့တွင် ထန့်ယွင်အပေါ် ကောင်းသော သဘောထားမရှိချေ။ သိူ့သော်လည်း သူက မြင်းတစ်ကောင်ကို ပင် မြှောက်ပင့်ကာ လူများကို သူ့အလိုရှိရာ စေခိုင်းနိုင်သည့် ထန့်ယွင်မဟုတ်ပေ။
ထို့အပြင် ကျောက်ထုံက ကျော်ကြားသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူက အမြဲလိုလို ထက်မြက်သူဖြစ်ပြီး ငယ်စဥ်ကလေးဘဝကတည်းက သူ၏သူငယ်ချင်းများဖြင့် ယှဉ်ပြိုင်ကာ စာအုပ်တွေ ပိုဖတ်လာသူပင်။ ထိုအချိန်က ရွှယ်ကျွင်းလျန်သည် နိမ့်ကျသည့်ကိုယ်ရံတော်ဖြစ်နေဆဲဖြစ်သေည့် ကျောက်ထုံအား ညွှန်ပြရင်း တစ်နေ့တွင် ကျောက်ထုံက ထူးခြားသောအရည်အချင်းရှိသူ ဖြစ်လာလိမ့်မည်ဟု ဆိုခဲ့ဖူးသည်။ နောက်ပိုင်းတွင် ကျောက်ထုံက နန်းတော်မှ စစ်တပ်သို့ ပြောင်းရွှေ့ကာ စစ်သည်တော်တစ်ဦး ဖြစ်လာခဲ့သည်။ သိပ်မကြာခင်မှာပင် ရွှယ်ကျွင်းလျန်မှ သူ့အား သူ့အား ထောက်ခံပြီး ကျောက်လုကို ကူညီရန်အလို့ငှာ ဖုန့်ပြည်သို့ ပို့လိုက်လေသည်။ ထိုအချိန်မှစ၍ သူ၏သတ္တိနှင့်စွမ်းဆောင်နိုင်စွမ်းက လူအများစုထက်သာလွန်နေသည့်အတွက် သူ၏ အသက်မွေးဝမ်းကြောင်းနှင့် ရာထူးမျာ လျင်မြန်စွာမြင့်တက်လာခဲ့သည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...