Chapter 66
" အရှင့်သမီးတော် အရှင့်သမီးတော် မင်းသမီးလေး... ဒီနိမ့်ကျတဲ့အစေခံကို မမှတ်မိတော့ဘူးလား..."
အစောင့်ရဲမက်က သူမကိုမင်းသမီးဟုခေါ်လိုက်သဖြင့် ထိုလူက ထန့်တိုင်းပြည်မှ တစ်ယောက်ယောက်ဖြစ်ကြောင်း သိလိုက်သည်။ ငုံ့ကြည့်လိုက်သည့်အခါ ထိုလူ့၏မျက်နှာကို အမှန်ပင် ရင်းနှီးနေသည်။
ထန့်ချမ်ယီက သူ့ကိုမှတ်မိသွားသည်ကို ထန့်ယင်းသတိပြုမိ၍ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။ သူက အသံကျယ်ကျယ်ဖြင့် အော်ငိုလိုက်သည်။
" ဒီ အဆင့်နိမ့်တဲ့အစေခံက အရှင့်သမီးတော်ရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်... ကျွန်တော်မျိုး အရှင်မင်းသမီးကို အဝေးက လှမ်းမြင်လိုက်တော့ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲ မျက်ရည်တွေကျလာတာပါ..."
ထန့်ယင်းက အသေးစိတ်ကျသော ဇာတ်လမ်းတစ်ခုကို ကြံစည်ပြုလုပ်ထားသည်။ ထန့်ဝမ်က မင်းသမီးကို အမြဲတမ်းလွမ်းနေခဲ့ပြီး နေ့တိုင်း တွေ့ချင်စိတ်ကို တောင့်ခံထားရပြီး ထပ်ခါထပ်ခါ ငိုကြွေးနေကြောင်းလည်း ပြောလိုက်သည်။ ထန့်ယင်း ရံဖန်ရံခါ ထန့်ဝမ်ကို ခစားနေစဉ်တွင် ထန့်ဝမ်က မင်းသမီးကိုလွမ်း၍ ငိုယိုနေသည်ကိုလည်းမြင်သည်ဟု ပြောသည်။ သို့ဖြစ်၍ မင်းသမီးကို မြင်သည့်အခါ ထန့်ဝမ်၏ ဝမ်းနည်းပူဆွေးမှုကို အမှတ်ရသွား၍ ငိုမိသွားကြောင်း ပြောလိုက်သည်။
" မင်းသမီးလေး ခမည်းတော်က လာမတွေ့တာကို စိတ်မဆိုးပါနဲ့ တကယ်တော့သူက..."
သူ ဘေးပတ်ပတ်လည်ကိုကြည့်ကာ ဆက်ပြောလိုက်သည်။
" တကယ်တော့ အဲ့ဒီကိစ္စကို ဒီနေရာမှာပြောဖို့ မသင့်တော်ဘူးလို့ ကျွန်တော်မျိုးထင်ပါတယ်... ဒီမှာ လူအများကြီးရှိဆော့ ကျွန်တော်မျိုး အပြစ်ပေးခံရနိုင်တယ်... ကွပ်မျက်တဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်..."
ထန့်ချမ်ယီ့ကို လက်ထပ်ပြီးချိန်တည်းမှစ၍ ရွှယ်ကျွင်းလျန်က လက်ဖျားဖြင့်ပင် မထိခဲ့ပေ။ သို့ဖြစ်၍ သူမ မကျေမနပ်ဖြစ်နေမိသည်။
ဘယ်မိန်းကလေးက လက်ထပ်ပြီးတဲ့နောက် ခင်ပွန်းရဲ့ လျစ်လျူရှု့တာကို ခံချင်မှာလဲ... သူမရဲ့ လက်ရှိအဖြစ်က မုဆိုးမနဲ့တောင် သိပ်မကွာတော့ဘူး...
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...