Chapter 20
အမတ်ကျူးလု၏ တုန်လှုပ်ချောက်ချားမှုက သူ့မျက်နှာအနှံ့ တောက်လောင်နေချိန် ဖုန့်မင်က စောင့်ကြည့်နေခဲ့သည်။ မလွှဲမရှောင်သာ၊ ဖုန့်မင်သည် အမတ်ကျူးလုက မင်းသမီးအား ချစ်ခင်တွယ်တာမှု ရှိနေကြောင်း ကောက်ချက်ချခဲ့ရသည်။ ဒီအသိတရားက သူ့နှလုံးသားကို ပင်ပန်းနွမ်းနယ်လာသလို ခံစားရစေခဲ့သည်။ မျက်လုံးတွေကို သူ့လက်တွေနှင့် ပိတ်ထားရင်း အေးစက်စက်ပြောလိုက်သည်။
"နယ်စားမင်း ဘာမှပြောစရာမလိုတော့ပါဘူး။ ကိုယ်တော် ရွှယ်နိုင်ငံကို သံတမန် စေလွှတ်ပြီးပြီ၊ အခု ဒီကိစ္စကို ပြောဖို့ နောက်ကျသွားပြီ။”
[ET/N : ဖုန့်မင်က ကျူးလု နဲ့ စကားပြောတဲ့အခါ ကိုယ်တော်လို့ သုံးတာ ဒါပထမဆုံးအကြိမ်ပဲ။ ကိုယ်တော်ဆိုတဲ့ စာလုံးအရ ‘ဒီမိဘမဲ့' ကို ဘုရင်တွေက အောက်ခြေအဆင့်ရှိ လူတွေရှေ့မှာ စကားပြောတဲ့အခါ အသုံးပြုကြတယ်။]
ကျူးလု အံ့အားသင့်သွားသည်။ ဖုန့်မင်က အုပ်စိုးသူဘုရင်ဖြစ်သော်လည်း ကျူးလုကို အမြဲလိုက်နာပြီး ဘယ်သောအခါမှ မနာခံတာမျိုး မရှိခဲ့ပါပေ။ ကျူးလုသည် တစ်နေ့နေ့တွင် ဖုန့်မင်က သူ့အား ဆန့်ကျင်လာမည်ဟု ထင်မထားခဲ့ပေ။ စကားတစ်ခွန်းမှ မပြောဘဲ ကျူးလု ဖုန့်မင်၏ နန်းဆောင်မှ လှည့်ထွက်လာခဲ့သည်။
စိုးရိမ်တကြီးနှင့် အပြင်မှာ ရပ်စောင့်နေတဲ့ လွေ့ရွှယ် က ကျူးလု ထွက်လာတာကိုတွေ့တော့ ချက်ချင်း နှုတ်ဆက်လိုက်ပြီးဆိုသည်။
“သခင်… ဘယ်လိုလဲ”
ကျူးလုက ဘာမှမပြောဘဲ သူ့အမူအရာက အေးစက်နေသည်။ ခဏလောက်စဉ်းစားပြီးမှ “ပြန်ရအောင်၊ မင်းအတွက် အလုပ်ရှိတယ်” ဟုပြောလိုက်၏။
—
ရှို့ယောင်က ယွင်ဖုန့် နန်းတော်ထဲကို အမြန်ပြေးသွားပြီး "အရှင်မ မကောင်းတော့ဘူး!"ထန့်ယွင် သည် ထန့်ရှန်အကြောင်း သတင်းမေးဖို့ သူမကို စေလွှတ်ခဲ့သည်။ ထိုသို့ပြောရင်း ပြန်လာတဲ့အခါ ထန့်ယွင်သည် ရွှယ်ကျွင်းလျန်က ထန့်ရှန်ကို ကွပ်မျက်လိုက်ပြီဟု ချက်ချင်းပင် တွေးလိုက်မိသည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...