Chapter 110
ထန့်ရှန်ဟာ တော်ဝင်ရုံးတော်မှာ ဆယ်စုနှစ်များစွာ ပင် အတွေ့အကြုံရှိခဲ့ဖူးသော်ငြား သူ သိပ်ပြီး မသိချင်ယောင်မဆောင်နိုင်ပေ။ အလျင်အမြန် ရွှယ်ဟုန်ယန့်ကို တွန်းထုတ်ကာဆိုလိုက်သည်။
"နယ်စားမင်း... အရှင်နယ်စားမင်း..... "
ရွှယ်ဟုန်ယန်၏နှုတ်ခမ်းများက ထန့်ရှန်၏နားသီးလေးများကို ညင်သာစွာ ပွတ်တိုက်နေပြီး သူ၏ပူလောင်ပြင်းပြသော အသက်ရှူငွေ့က တစ်ဖက်လူ၏နားထက်မှာ ယှက်ပြေးနေ၏။ သူဘာပြောမှန်း မသိသလို ထန့်ရှန်ကိုလည်း လက်လွတ်စပယ်မထိရဲသည့်အတွက် ထန့်ရှန်၏နားသီးလေးများနှင့် လည်တိုင်ကိုသာ ပြန်တလဲလဲနမ်းရှိုက်နေမိသည်...
ရွှယ်ဟုန်ယန်၏ မသိမသာအနမ်းများကြောင့် ထန့်ရှန် ပူလောင်ပြီး ခြေဆံလက်ဆံများပျော့ပျောင်းလာ၏။ သူက မူပိုတတ်သည့်သူမဟုတ်ပေ။သူသဘောမတူပါလျှင် စစ်မြေပြင်မှာ ရှုံးပွဲမရှိသော နယ်စားမင်းဝမ်နျန်ဟာ ဘယ်တော့မှ မဖွယ်မရာလုပ်မှာမဟုတ်သလို စည်းလည်းကျော်မှာမဟုတ်ပေ။
တစ်ဖက်လူ၏ကျောပြင်ကို ပွေ့ဖက်ထားရင် ထန့်ရှန်၏လည်စလုပ်က လှုပ်ခါသွားပြီး သူဘက်ကနေစကာ ရွှယ်ဟုန်ယန်၏နှုတ်ခမ်းထောင့်စွန်းများကို နမ်းရှိုက်လိုက်သည်။ သူ၏ အနည်းငယ်တုန်ရီနေသော ညာလက်ကို ရွှယ်ဟုန်ယန်၏အောက်ပိုင်းသို့ ဖြေလျော့ပေးရန် လက်လှမ်းလိုက်၏။
ရွှယ်ဟုန်ယန်၏ အသက်ရှုသံက ပို၍ပူပြင်းလေးလံလာခဲ့သည်။ မျက်လုံးများကို မှေးကျဥ်းကာဖြင့် ထန့်ရှန်အား စာကြည့်ခန်းထဲရှိ စားပွဲပေါ်သို့ ဝုန်းခနဲဖိလိုက်၏။
စားပွဲပေါ်က စာရွက်များသည်ကား ကြမ်းပြင်အနှံ့ ပျံ့ကျဲကုန်ကြသည်။ ထန့်ရှန် ရွှယ်ဟုန်ယန်ကို အံဩတကြီးကြည့်လိုက်၏။ ယင်းက ရွှယ်ဟုန်ယန်ကို ပို၍ပင် စိတ်လိုက်မာန်ပါဖြစ်သွားစေပြီး လက်ကိုဆန်ကာဖြင့် ထန့်ရှန်၏ခါးပတ်ကြိုးကို ဖြည်လိုက်သည်။
ထန့်ရှန် ကြောင်အသွားခဲ့ပြီး ၎င်းနောက် ထဖို့အတွက် ရုန်းကန်ရန် ကြိုးစားရင်း ပြောလိုက်၏။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...