Chapter 19
အမျိုးသားဇနီးသည်ကြင်ယာတော်အသစ်က နဂါးခုတင်ပေါ်ကိုတောင် မတက်ရသေးခင်မှာပဲ သူမက ရွှယ်ဘုရင်၏နန်းဆောင်မှ ကန်ချခံလိုက်ရသည်။ ဒီသတင်းက ဧကရာဇ်မောင်းမဆောင်တစ်လျှောက် ပြက်လုံးကြီးတစ်ခုဖြစ်လာခဲ့သည်။
ရွှယ်ကျွင်းလျန် နန်းတက်လာကတည်းက တာ့ဖေးကသာလျှင် သူ၏အနှစ်သက်ဆုံးဖြစ်ခဲ့သည်။ သူမက ငယ်ရွယ်တယ် လှပတယ် ပြီးတော့ ပညာလည်းတတ်သေးတယ်.. ဒီ့အပြင် တာ့ဖေးက သူမ၏အကိုဗိုလ်ချုပ်ကျိုး၏ ကျောထောက်နောက်ခံကိုပါ ရရှိထားသည်။
ဆန့်ကျင်ဘက်အနေဖြင့် ထန့်ချမ်ယီက အလိုလိုက်ခံရလေ့ရှိခဲ့သည့်တိုင်းတစ်ပါးသူတစ်ယောက်သာဖြစ်လေသည်။
အဲ့ဒီအချိန်မှာ ရှို့ယောင်က ထန့်ယွင်၏ဆံပင်ကို ပြုလုပ်ပေးနေခဲ့ပြီး ပြုံးရွှင်လျက်ရှိသည်။
“အရှင်မက သိပ်ကံကောင်းတာပဲ.. အရှင်မင်းကြီးက အရှင်မရဲ့နာမည်ပြားကို သုံးရက်ဆက်တိုက်ရွေးချယ်ခဲ့တာနော်”
ထန့်ယွင်ပျော်မနေဘူးဆိုတာ ပြောစရာကိုမလိုလှ။ အခြားဇနီးတွေအတွက်သာဆိုရင်တော့ မင်းကြီးကို ပြုစုပေးဖို့ ခုတင်ပေါ်ကို ခေါ်ခံရခြင်းဟာ ကံကောင်းခြင်းတစ်ခုပင်ဖြစ်သော်လည်း ထန့်ယွင်အတွက်မူ ဒါက ငရဲပါပင်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို စနောက်ရတာ သဘောကျသည်။ သူ ထန့်ယွင်ကို မထိကြောင်း အင်အားသုံးပြီး ဘာမှလုပ်ခိုင်းမှာ မဟုတ်ကြောင်း ကတိပေးပြီးတာတောင်မှ ထန့်ယွင်က ရွှယ်ကျွင်းလျန်နှင့် အတူရှိဖို့ကို မပျော်ရွှင်နိုင်ပါ။ သို့သော် ထန့်ယွင်၏စိတ်ထဲတွင်တော့ ရွှယ်ကျွင်းလျန်က ရွှယ်ကျွင်းလျန်သာဖြစ်သည်။ တစ်ခုတင်ထဲ တစ်ခေါင်းအုံးထဲ အတူအိပ်စက်ရခြင်းက ထန့်ယွင်ကို ထိုလူအား သတ်ပစ်ရန် တစ်ယောက်ထဲကြံစည်နေမိစေသည်။ ထန့်ယွင်မှာ အိပ်လို့ပင် မပျော်နိုင်တော့ပေ။
ပြီးခဲ့သည့် သုံးရက်လုံး ကောင်းကောင်းမအိပ်ခဲ့ရတာမို့ အကျိုးဆက်က စတင်ပေါ်လွင်လာကာ ရွှယ်ကျွင်းလျန်က တော်ဝင်သမားတော်ကို ဆင့်ခေါ်ပြီး ထန့်ယွင်ကို စစ်ဆေးစေတော့သည်။ ပြီးတော့ မနက်ခင်းညီလာခံ အစည်းအဝေးသို့ မတက်ရောက်မှီ ထန့်ယွင်ကို ကောင်းကောင်းနားဖို့ သတိပေးလိုက်သေးသည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...