အခန်း (၄၀၂) အစစ်အမှန်ကမ္ဘာ (၁)

72 31 0
                                    


ဖူအန်သည် ထိုအကြံပြုချက်အားကြည့်လိုက်ပြီး သူမခေါင်းထဲတွင် စိတ်ရှုပ်သလိုခံစားလိုက်ရ၏။

ဒီဂိမ်းက ဘယ်လိုဖြစ်သွားတာလဲ…………

မေးခွန်းလေးတစ်ခုမေးရင်တောင် အချိန်အတော်ကြာတဲ့အထိပြန်မပြောတာ…………..
ဒီနေ့ကျတော့လည်း စာစီစာကုံးရေးနေတဲ့အတိုင်းပဲ အများကြီး ပြောနေတယ်……..

သို့သော်လည်း ထိုစာများကိုဖတ်ပြီးနောက် စကားလုံးအနည်းငယ်ကိုသာ သူမမှတ်မိလိုက်၏။

၁၀ ရက်…………..ကိုယ်စားလှယ်တွေက ဂိမ်းရဲ့တတိယအဆင့်မှာ အထူးအခွင့်အရေးတွေရမယ်………….ရမှတ်တွေ ပိုများများရအောင်လုပ်ရမယ်……………

ကြားဖြတ်ဂိမ်းတွေနဲ့ပတ်သတ်လို့ ပထမစာကြောင်းကိုဖတ်ပြီးပေမယ့် ငါလုံးဝနားမလည်နေသလိုပဲ……….

“ရှင် ကြားဖြတ်ဂိမ်းအကြောင်း မိတ်ဆက်တဲ့ပုံစံကိုပြန်ပြောင်းပြောပေးလို့ရမလား?”

(မရပါ)

စိတ်အားထက်သန်မှုက တစ်ခဏသာ ခံလိုက်၏။ ဂိမ်းမှာ နဂိုနှင့်အတူတူပင်ဖြစ်သည်။

“သာမန်ဂိမ်းတွေဆိုတာဘာလဲ?.................ဒါကိုရော ရှင်းပေးနိုင်မလား?”

ဖူအန်က နောက်ထပ်အကောင်းဆုံးအကြောင်းအရာတစ်ခုကိုမေးလိုက်၏။

(သာမန်ဂိမ်း…………….အစစ်အမှန်လက်တွေ့မှာရှိတဲ့အကြောင်းအရာတွေနဲ့ တည်ဆောက်ထားတဲ့ဂိမ်းတွေပါ……………

ကြားဖြတ်ဂိမ်းတွေကရတဲ့ အလယ်အလတ်နဲ့ အထက်အဆင့်ဂိမ်းပစ္စည်းတွေကို သာမန်ဂိမ်းတွေမှာ အသုံးပြုနိုင်ပါတယ်…………)

ပထမစာကြောင်းကို နားမလည်သေးဘူး………….
ဒါပေမယ့် ဒုတိယစာကြောင်းကတော့ နားလည်နိုင်သေးတယ်……………..

ဂိမ်း၏ပင်မနေရာလွတ်ထဲတွင် သူမ၏အိုင်ဒီကဒ် ပြန်ပေါ်လာ၏။
ဤတစ်လှည့်ဂိမ်းအတွင်း အသုံးပြုခဲ့သည့်ရမှတ်များနှင့် ထပ်ပေါင်းရရှိထားသည်ကို တွက်ပြီးနောက် နောက်ဆုံးတွင် ၁၀ မှတ်သာတိုးလာပြီး စုစုပေါင်း ရမှတ် ၄၆၀ ဖြစ်နေသည်။

You've reached the end of published parts.

⏰ Last updated: 13 hours ago ⏰

Add this story to your Library to get notified about new parts!

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now