Chapter 19

5.2K 781 14
                                    

[Unicode]

အလွန်​အေး​အေးပူပူ၊ မိုးရွာရွာ​လေတိုက်တိုက်​၊ တပ်ဖွဲ့သည် မနက်ခင်း​လေ့ကျင့်​ရေးကို ​နေ့စဥ်​ခြောက်နာရီတိုင်း အချိန်မှန်ထွက်လုပ်ရ​ပေသည်။ ခြွင်းချက်အ​ခြေအ​နေတစ်မျိုးသာ ရှိ​ပေသည်။ ၄င်းမှာ ညသန်း​ခေါင်အ​ရေး​ပေါ်ထွက်ရခြင်းပင်။

ယမန်​နေ့ညက ကိစ္စမျိုးပင်။ လင်မယားနှစ်​ယောက်ရန်ဖြစ်ကြရာ၊ ​ယောကျာ်းသည် ​ဒေါသထွက်ပြီး၊ ပြတင်း​ပေါက်​ဘောင်လမ်းတစ်​လျှောက် ထွက်သွား​လေသည်။ ​ရလဒ်အ​နေဖြင့် ​ခြေ​ထောက်အား​ပျော့သွားပြီး၊ 7 လွှာ အပြင်ဘက်နံရံရှိ 20 စင်တီမီတာမျှကျယ်သည့် လမ်း​ကြောင်း​ပေါ်တွင် ​သောင်တင်​နေပြီး မလှုပ်ရဲ​​တော့​ပေ။

ရန်ရိတစ်​ယောက် တပ်ဖွဲ့ကို ဦး​ဆောင်ကာ အမြန်သွားလိုက်ပြီး၊ မိုး​မျှော်​လှေကားဖြင့် လူကို​ကယ်ဆယ်ခဲ့လိုက်သည်။ ပြန်​ရောက်လာပြီး​နောက်၊ သူသည် တပ်သားများအား ​ကောင်း​ကောင်းအနားယူ​စေခဲ့ပြီး၊ မနက်ခင်း​လေ့ကျင့်​ရေးအား ဖျက်သိမ်း​ပေးလိုက်သည်။

အစက​တော့ ရန်ရိသည် ကောင်း​ကောင်းအိပ်​ရေးဝဝအိမ်မည်ဟုလုပ်ထားရာ၊ ​နောက်ဆုံး​တော့ အချိန်​ကျသည်နှင့် သဘာဝနာရီသည် သူ့အား အချိန်မှန်နှိုးလေသည်။ သူသည် ကုတင်​ပေါ်တွင် စိတ်​ကောက်စွာဖြင့် ဖုန်းကို ခဏကလိလိုက်ပြီးမှ ​အောက်ဆင်းပြီး ထမင်းစား​လေသည်။

ချွီးယန်​ပေါသည် ပန်းကန်လုံးကိုင်လျက်ဖြင့်၊ သူ့အ​ရှေ့တွင် လာထိုင်လိုက်ပြီး :

" ထမင်းစားပြီးရင် တပ်သားစုကို သွားလိုက်ဦး၊ ​ခေါင်း​ဆောင်ချန်က မင်းကို ​တွေ့မလို့တဲ့။ "

ရန်ရိသည် ကြားလိုက်သည့်နှင့်၊ မျက်နှာသည် ရုတ်ခြည်းညိုးနွမ်းသွားပြီး :

" ကျွန်​တော်ကို ​​တွေ့ပြီး ဘာလုပ်မလို့လဲ ?ပြတင်း​ပေါက်ဖျက်တဲ့ကိစ္စလား ?"

ချွီးယန်​ပေါသည် ပခုံးကိုတွန့်ပြလိုက်ပြီး :

" မသိဘူး။ ဒါ​ပေမဲ့ အဲ့ဒီကိစ္စက ငါ ​ဖြေရှင်းပြီးသွားပြီ။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now