Chapter 41

4.1K 755 75
                                    

[Unicode]

ကုံး​ဖေးလန်စိတ်မထိခိုက်သွား​စေရန်အတွက် သူတို့သည် ​ပြောထားသည့်အတိုင်း လုပ်​ပေးခဲ့ကြ​သည်။ ရှိသမျှအစား​အ​သောက်တွေအကုန်လုံးကို ​သေ​သေသပ်သပ်နှင့်​ပြောင်သလင်းခါ​နေ​​အောင် စား​ပေးလိုက်ကြသည်။ ရန်ရိသည် ​ပွ​ထနေ​​အောင်​အမှောက်​ခံထားရသည့်သ​ရေစာများ၏ဓါတ်ပုံကို ရိုက်လိုက်ပြီး၊ ကုံးရင့်ရှန်အား စာနှင့်တွဲပြီးပို့​ပေးလိုက်သည် :

​ဒေါက်တာကုံးရဲ့ဝန်​ဆောင်မှုကို ​ကျေးဇူးတင်ပါတယ်။

​နောက်တစ်နေ့တွင်၊ ရန်ရိသည် အားတင်းပြီး၊ ဟုန်ဝူဌာနခွဲသို့ မျက်နှာ​ရေထူထူနှင့် သွားလိုက်​သည်။ သို့​သော် သူသည် ကုံးရင့်ရှန်ကို ဘာ​ပေးရမှန်း တကယ်ကို စဥ်းစားမထွက်သဖြင့်၊ လက်ဗလာနှင့်သာ သွားလိုက်​ရ​တော့သည်။

မသွားခင်တွင်၊ ရန်ရိသည် ထန်​ဟောက်ချွန်ကို တကူးတကရှာပြီး၊ ကုံးရင့်ရှန်တစ်​ယောက် ဌာနခွဲတွင်ရှိ​ကြောင်းကို အတည်ပြုလိုက်သည်။ သို့​​သော် ဌာနခွဲသို့​ရောက်​သွားသောအခါ၊ လူမှာ သူ့၏အလုပ်စားပွဲ​ရှေ့တွင် ရှိမ​နေ​​ပေ။

ထန်​ဟောက်ချွန် လမ်းကြုံဖြတ်သွား​သောအခါ၊ ရန်ရိအား​​တွေ့လိုက်သဖြင့် ဝမ်းသာအားရနှင့်​ပြေးလာခဲ့သည်  :

“ ​ခေါင်း​ဆောင်ရန်၊ ​ဒေါက်တာကုံး မရှိဘူးလား ?ထူးဆန်းလိုက်တာ၊ သူ ခုန​လေးတင်ကမှ ရှိပါ​သေးတယ်။ ”

ရန်ရိစိတ်ထဲတွင် ​​တွေးမိလိုက်သည်။ ကုံးရင့်ရှန်က သူ့ကို တမင်​ရှောင်​နေတာ​တော့မဟုတ်​လောက်ပါဘူး​နော်။ ဒါ​ပေမဲ့ သူလာမယ်ဆိုတာကို သူလည်းမသိဘူး​​လေ။

“ ကျွန်​တော် တစ်ချက်စုံစမ်းကြည့်​ပေးမယ်​နော်။ ”

ထန်​ဟောက်ချွန်သည် လုပ်​ဖော်ကိုင်ဖက်တစ်​ယောက်ကိုရှာပြီး၊ စကားစမြည်​ပြောလိုက်သည်။

ခဏကြာ​သော်၊ သူပြန်လာခဲ့သည် :

“ ​ဒေါက်တာကုံးက ခုနတုန်းက ​လေ့ကျင့်ကွင်းသွားပြီး ​သေနတ်​ပစ်လေ့ကျင့်ဖို့သွားတယ်တဲ့။ ကျွန်​တော် ​ခေါင်း​ဆောင်ကို ​ခေါ်သွား​ပေးမယ်​လေ၊ ​ကျွန်​တော်တို့​သေနတ်​လေ့ကျင့်တဲ့​နေရာကို ​ခေါင်း​ဆောင်မမြင်ဖူးဘူးမလား ?”

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now