[Unicode]
ထမင်းစားပြီးနောက်၊ စွန်းတင့်ယိသည် ကဒ်ကစားချင်နေခဲ့သည်၊ သို့သော် ရန်ရိမှာ မသွားခဲ့ပေ။ သူသည် အဆောင်ကိုပြန်ပြီး နေ့လည်ခင်းအိပ်ရန်သွားတော့သည်။ အိပ်ခြင်းကလည်း သူ့အား ရိုးရိုးသားသားမအိပ်စေပေ။ ဖုန်းကိုထုတ်ပြီး၊ တစ်ခါတုန်းကခိုးရိုက်ခဲ့ဖူးသည့် ကုံးရင့်ရှန်၏ဓါတ်ပုံကို လှန်ကြည့်ကြည့်လိုက်သည်။ တစ်ယောက်တည်းကြည့်ရင်း အကြာကြီးအူမြူးနေခဲ့သည်။
တကယ်တော့ သူသည် ကုံးရင့်ရှန်နှင့်တွဲပြီးဓါတ်ပုံတစ်ပုံအရမ်းရိုက်ချင်နေခဲ့သည်။ သို့သော် ၊ ယောကျာ်းရင့်မာကြီးနှစ်ယောက် sefileဆွဲခြင်းသည် တကယ်ကို အခြောက်ဆန်လွန်းပေသည်။ ဘယ်လိုအခွင့်အရေးရှာရင်ကောင်းမလဲ……
စဥ်စားရင်းစဥ်စားရင်းနှင့် နည်းနည်းအိပ်ငိုက်လာတော့သည်။ ရန်ရိတစ်ယောက် အိပ်မပျော်တပျော်လေးဖြစ်နေသည့်အချိန်တွင်၊ အရေးပေါ်အချက်ပေးခေါင်းလောင်သည် မြည်လာခဲ့သည်။ သူ ရုတ်တရက်မျက်လုံးကိုဖွင့်ကြည့်လိုက်ပြီး၊ ကိုယ်ကိုထကာ ကုတင်ပေါ်မှဆင်းပြီး၊ အောက်ထပ်သို့ပြေးဆင်းသွားတော့သည်။
“ ခေါင်းဆောင်ရန်၊ ကျစ်ရှင်းအဆောက်အအုံကနေ လူတစ်ယောက်ခုန်ချမယ်လုပ်နေလို့တဲ့။ ”
“ သွားကြည့်ကြည့်ရအောင်။ ”
ရန်ရိစိတ်ထဲတွင် တွေးလိုက်သည်။ ကျစ်ရှင်းအဆောက်အအုံက ဟုန်ဝူဌာနခွဲရဲ့အရှေ့မှာမဟုတ်ဘူးလား။ ရဲစခန်းအရှေ့က တိုက်ကနေခုန်ချတာက အများအားဖြင့် အသနားခံစရာရှိလို့ပဲ။ ယေဘုယျအားဖြင့်ဆိုရင် တကယ်သေချင်နေလို့မဟုတ်ဘူး။
ဤသို့သောခန့်မှန်းချက်ရှိသည်ဆိုသော်လည်း၊ ရန်ရိမှာ မပေါ့ဆရဲပေ။ အမြန်ဆုံးသောအလျင်နှင့် ကားမောင်းပြီး၊ အခင်းနေရာသို့ အမြန်သွားတော့သည်။
လမ်းတွင်၊ ရန်ရိသည် ကုံးရင့်ရှန်အားဖုန်းဆက်ပြီး အခြေနေမေးမြန်းမည်ကြံတုန်းပဲရှိသေးသည်၊ ချိုးယန်၏ဖုန်းကောသည် အရင်ဝင်လာခဲ့လေသည် :
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...